Microsoft
သည် ဖုန်းကို desktop Windows ကွန်ပျူတာကဲ့သို့ keyboard, mouse နှင့်
အရွယ်ကြီးမားသည့် display ဖြင့် အသုံးပြုနိုင်စေမည့် hardware adapter
တစ်ခုဖြစ်သော Display Dock ကို မိတ်ဆက်ကြေညာခဲ့သည်။
၎င်းတွင် USB Type-C အပါအဝင် USB port သုံးခုနှင့် HDMI, Display Port တစ်ခုစီ ပါဝင်သည်။
တကယ်တမ်းတွင် Windows 10 ကွန်ပျူတာနှင့် အလွန်တူညီသော်လည်း taskbar မှာ အနည်းငယ် ကွဲပြားပြီး ဘက်ထရီနှင့် အချိန်အချက်အလက်ကို signal bar တစ်ခုနှင့်အတူ ထိပ်ဘက်တွင် ဖော်ပြထား သည်။ Microsoft သည် Lumia ဖုန်းသစ်မှ Windows Hello beta ကို ပြသစဉ် ၎င်းသည် ကွန်ပျူတာ အတွေ့အကြုံကို အပြည့်အဝ မပေးစွမ်းနိုင်သော်လည်း ကွန်ပျူတာအသွင် အသုံးပြုနိုင်ပြီး universal Windows 10 app များကို အသုံးပြုနိုင်မည်ဟု ပြောကြားခဲ့သည်။
ဈေးနှုန်းနှင့် ရောင်းချမည့်အချိန်ကိုမူ မသိရှိရသေးပေ။
Ref: TheVerge