10/07/2015

♪ တန်ဖိုးကြီး V10 စမတ်ဖုန်းကို LG မိတ်ဆက် ♫


LG သည်နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည့် ပွဲအတွင်း တန်ဖိုးကြီး အရည်အသွေး မြင့်မားသော V10 ဟု အမည်ရ စမတ်ဖုန်းသစ် တစ်မျိုးကို မိတ်ဆက်ခဲ့သည်။

အဆိုပါ စမတ်ဖုန်းသည် LG ၏ V မော်ဒယ်ဖုန်းများအနက် အသစ်တစ်မျိုးဖြစ်ပြီး အဓိက သတ်မှတ်ချက် အနည်းငယ်ကို အဆင့်မြှင့်တင်ထားပြီး တန်ဖိုးကြီးအရာများကို အသုံးပြုထားသည်။ V10 ၏သတ်မှတ်ချက် များသည် LG G4 နှင့် သိပ်မကွာခြားပေ။ LG သည် V10 တွင် G4 ကဲ့သို့ ဖြုတ်နိုင်တပ်နိုင်သည့် 3,000 mAh ဘက်ထရီ၊ Snapdragon 808 ပရိုဆက်ဆာနှင့် ကျောဘက်ကင်မရာ 16 megapixel တို့ အသုံးပြုထား သည်။ V10 ကိုပလတ်စတစ် အစားစတီးလ်နှင့် ဆီလီကွန်တို့ အပါအဝင် အဆင့်မြင့်သည့် ကုန်ကြမ်း များဖြင့် ဖန်တီးထားသည်။

ထို့အပြင် V10 တွင်ထူးခြား ထင်ရှားသည့် feature များစွာပါဝင်လာသည်။ ၎င်းတို့မှာ ထုတ်ကုန်ရှေ့တွင် မျက်နှာပြင်နှစ်ခု ပါဝင်လာသည်။ V10 ၏ ၅.၇ လက်မအရွယ်ရှိ QHD display အပေါ်ဘက်တွင် လုပ်ဆောင်ချက်များစွာ ပြုလုပ်နိုင်သည့် အရွယ်သေးငယ် ပြီး အမြဲတစေ ပွင့်နေမည့် မျက်နှာပြင်တစ်ခု ပါဝင်လာသည်။ V10 သုံးစွဲသူအနေဖြင့် အဓိက မျက်နှာပြင်ကို ပိတ်လိုက်သည့်အခါတွင်လည်း ဒုတိယ မျက်နှာပြင်မှာ ရာသီဥတု၊ အချိန်နှင့်ရက်အပြင် ဘက်ထရီ ပမာဏတို့ကို ပြသပေးမည် ဖြစ်သည်။

Ref: TheVerge
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com