10/19/2015

♪ “Sony Xperia C5 Ultra Dual” ♫


ဟန်းဆက်အသုံးပြုသူများအနေဖြင့် မျက်နှာပြင်ကြီးမားသော ဖုန်းများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်ကြပါ တယ်။ အရွယ်အစားကြီးမားသော ဖုန်းများသည် ကိုင်ဆောင်အသုံးပြုသည့်အခါတွင် ခေတ်မီစတိုင် ကျရုံသာမက မြင်ကွင်း စွမ်းရည်ပိုင်းနှင့်ပတ်သက်၍လည်း ကျယ်ပြန့်စွာတွေ့မြင်ရတာ ကြောင့် အမြင်အာရုံ ပိုင်းအတွက် အဆင်ပြေစေပါတယ်။

ဒါပေမယ့် သယ်ဆောင်သွားဖို့အတွက် တစ်ခါတလေ အခက်အခဲဖြစ်တတ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း၌ ဟန်းဆက်ထုတ်လုပ်သော ကုမ္ပဏီများသည် အရွယ်အစားကြီးမားသော ဖုန်းများကိုသာ ထုတ်လုပ်ရောင်းချ လာကြ ပါတယ်။ ပြည်တွင်းဈေးကွက်တွင် လူကြိုက်များသော နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Sony ကလည်း မျက်နှာပြင်ကျယ်ပြန့်သော ဖုန်းများကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။ ထိုနောက်ဆုံးပေါ်ဖုန်း တွေဟာ ပဉ္စမမြောက်မျိုးဆက်ဖြစ်ပါတယ်။ Xperia C5 နှင့် M5 ဆိုပြီး နှစ်မျိုး နှစ်စား ထုတ်လုပ်ရောင်းချပေးထားပါတယ်။ C5 ဟာ E5533 နှင့် E5563 ဆိုပြီး မော်ဒယ်နှစ်မျိုးနှစ်စားရှိပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ 2G,3G,4Gဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏဟာ 164.2 x 79.6 x 8.2mm ရှိကာ အလေးချိန်သည် 187g ဖြစ်ပါတယ်။ ဆင်းကတ် နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားပါ။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အမျိုးအစားကတော့ Nano Sim ဖြစ်ပါတယ်။

ဖုန်းရဲ့မျက်နှာပြင်အတွက် IPS LCD capacitive touch screen ကို အသုံးပြု ပေးထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ 6inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ ပေး ထားသော pixels ပမာဏမှာ 1080 x 1920 ဖြစ်ကာ 1” မှာရှိမယ့် pixels ပမာဏသိပ်သည်းဆကတော့ 367ppi ပါ။ Multi touch စနစ်တွင် လက်ချောင်း ၁၀ ချောင်းအထက်အသုံးပြုလို့ရပါ မယ်။ ဖုန်းမျက်နှာပြင် ကာကွယ်မှုအပိုင်းအတွက် Scratch-resistant တပ်ဆင်ပေးထားပါတယ်။ Sony ဟာ သူ့ရဲ့ဖုန်းများတွင် Mobile BRAVIA Engine ကိုတပ်ဆင်ပေးလေ့ရှိပါတယ်။ အခုဖုန်းတွင်လည်း Engine 2 ကို ထည့်သွင်းပေးထားပါတယ်။ ကင်မရာစနစ်လည်းကောင်းမွန်သော ဖုန်းအမျိုး အစားပါ။

အရှေ့အနောက်ကင်မရာနှစ်မျိုးစလုံးသည် 13MP စွမ်းရည်ရှိပါ တယ်။ ဗွီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 1080p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal Storage 16GB ပါရှိအောင်ဆောင်ရွက် ပေးထားပါတယ်။ အားသွင်းအသုံးပြုနိုင်မယ့် Battery သည် Li-Ion 2930 mAh ဖြစ်ပြီး 3G Network တွင် ၁၂ နာရီနီးပါးခံနိုင်စွမ်းရှိပါတယ်။
<Specification>
Network - GSM/HSPA/LTE
Processor - Octa-core 1.7 GHz
Screen - 6 inches
Camera - 13MP
Bluetooth - v4.1
Storage - up to 200GB
OS - Android OS,v5.0
Contact - 09-73171214
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com