10/14/2015

♪ Samsung Galaxy Tab S2 (9.7 inch) ♫


အသေးစိတ်ဖော်ပြချက်
၉.၇ လက်မအရွယ်ရှိ Samsung Galaxy Tab S2 တွင် မျက်စိအေးစေမည့် Super AMOLED မျက်နှာပြင် အသုံးပြုထားသည်။ မျက်နှာပြင် အရွယ်အစား ကြီးမားသည့် Samsung Galaxy Tab S2 သည် ဂိမ်းဆော့ခြင်း၊ ဗီဒီယိုများ ကြည့်ရာတွင် အဆင်ပြေသည်။

Samsung Galaxy Tab S2 ၏ အထူမှာ ၅.၆ မီလီမီတာနှင့် အလေးချိန်မှာ ၀.၈၆  ပေါင်သာ  ရှိသည်။ Galaxy Tab S2 တွင် Samsung ၏ TouchWiz overlay နှင့်အတူ Android  Lollipop  ကို အသုံးပြုထားသည်။ ထို့အပြင် Tab S2 တွင် The Economist နှင့် The Guardian တို့ကို အခမဲ့ ၆ လဖတ်ခွင့်ပါဝင်သည်။ Scribd နှင့် podcast app ဖြစ်သော Stitchr ရှိ တန်ဖိုးကြီး content တို့ကို အခမဲ့ရရှိမည် ဖြစ်သည်။ Samsung Galaxy Tab S2 တွင် octa-core Exynos 5433 ချစ်ပ်အသုံးပြုထားပြီး 1.9GHz နှင့် 1.3GHZ quad-core CPU လည်းပါဝင်သည်။ ထို့အပြင် Samsung ဝက်ဘ်ဆိုက်တွင်  internal storage ပါဝင်သည့် 64GB ဗားရှင်းထုတ်ကုန်ကို ရောင်းချမည်ဟု ဖော်ပြထားသည်။ အခြား feature  များမှာ စွမ်းအင်ချွေတာသည့် လုပ်ဆောင်ချက် (BLE) နှင့်အတူ Bluetooth 4.1 အသုံးပြုထားသလို သာမန်ထက်မြန်ဆန်သော Wi-Fi 802.11 a/b/g/n/ac MIMO တို့ ပါဝင်သည်။

Samsung Galaxy Tab S2 ၏ ရုပ်ထွက်အရည်အသွေးမှာ 2,048x 1,600 pixel ရှိပြီး  မျက်နှာပြင် ၁၀.၄ လက်မရှိ Tab S မှာမူ 2,560x1,600 pixel ရှိသည်။  ထို့ကြောင့် HD  အရည်အသွေးရှိ ဗီဒီယိုများကြည့်ရှုရာတွင် အရောင်အသွေး တောက်ပ၍ ကြည်လင်ပြတ်သားသည်။

Tab S2 ဖြင့် N.O.V.A. 3 နှင့် Dead Trigger 2 ကဲ့သို့ ဂိမ်းများကိုဆော့ရာတွင် စွမ်းဆောင်ရည် မြန်ဆန်မှု ရှိသည်။ AMOLED မျက်နှာပြင်ကြောင့် ဂိမ်းရုပ်ထွက် အရည်အသွေးမှာ အလွန်ကောင်းမွန်သည်။

အားသာချက်
မျက်နှာပြင် အရွယ်အစား ၉.၇ လက်မရှိ Samsung Galaxy  Tab S2 ၏  display သည် အရောင်တောက်ပပြီး အရောင်ပြည့်စုံကာ ရုပ်ပုံများကို ထင်ရှားစွာ မြင်ရသည်။ ဒီဇိုင်းမှာလည်း ပါးလွှာသောကြောင့် ကိုင်တွယ်ရသည်မှာ သက်တောင့်သက်သာရှိသည်။ ထို့အပြင် storage 32GB ပါဝင်သလို 128GB  အထိ အသုံးပြုနိုင်သော microSD ကတ်ပေါက်လည်းအပြင် လက်ဗွေဖတ်စနစ်တို့ ပါဝင်သည်။  ဘက်ထရီ သက်တမ်းမှာလည်း တာရှည်ခံသည်။

အားနည်းချက်
Samsung Galaxy Tab S2 တွင် အခြားမော်ဒယ် ထုတ်ကုန်များကဲ့သို့ IR blaster ပါဝင်လာခြင်း မရှိပေ။ ထို့အပြင် မျက်နှာပြင်အရွယ်အစား ကြီးမားသောကြောင့် လက်သေးငယ်သူများ အသုံးပြုရာတွင် အခက်အခဲ အနည်းငယ်ရှိနိုင်သည်။

ဘက်ထရီ
Samsung Galaxy Tab S2 ကို တောက်လျှောက် အသုံးပြုမည်ဆိုပါက ၁၂ နာရီ  ၇ မိနစ်ခန့် အသုံးပြုနိုင် သည်။

Ref: CNET
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download