10/20/2015

♪ ထင်တာထက်ပိုစောထွက်လာဖွယ်ရှိတဲ့ Samsung Galaxy S7 ♫


ကမ္ဘာ့အကြီးဆုံးမိုဘိုင်းဖုန်းကုမ္ပဏီကြီး Samsung မှ ၂၀၁၆ ဇန်န၀ါရီ လ အင်္ဂါ နေ့မှာ လုပ်မည့်မိတ်ဆက်ပွဲ မှာကြီးကျယ်မှုတစ်ခုယူဆောင်လာမည်ဟုယူဆရပြီး ယင်းသတင်းနှင့်အတူ Galaxy S 7 device အသစ်၏ဒီဇိုင်းနှင့်ပုံစံများထွက်ပေါ်လာခဲ့သည်။


ဖေဖော်ဝါရီလတွင်ပြုလုပ်မည့် MWC (Mobile World Congress) ထက်စောပြီး အခြားစမတ်ဖုန်း ကုမ္ပဏီ များထက်လက်ဦးကြော်ငြာမိတ်ဆက်ဖွယ်ရှိသည်။ Galaxy S6 နှင့်မတူပုံစံကွဲထွက်လာဖွယ်ရှိပြီး Snapdragon 820 အသုံးပြုဖွယ်ရှိသည်။


3D Touch စနစ် နှင့် ClearForce touch နည်းပညာသစ် Synaptics ကိုလည်းအသုံးပြုဖွယ်ရှိသည်။ အဆိုပါနည်းပညာမှာစမတ်ဖုန်းမျက်နှာပြင်ကို ဖိနှပ်ပြီးကစား ရသောဂိမ်းများကို အထူးထောက်ပံပေးသော စနစ်မျိုးဖြစ်သည်။ အခြားလုပ်ဆောင်ချက်များစွာ ရှိသေးသော်လည်းစမ်းသပ်ဆဲကာလဖြစ်သည်။

Galaxy S6 Edge သည်ဒီဇိုင်းပိုင်းအကောင်းဆုံး ပုံသဏ္ဌန် ကွဲအထွက်ဆုံးဖြစ်ပြီး Galaxy S7 သည်လည်း ထိုကဲ့သို့သောဆွဲဆောင်မှုမျိုးဖြစ်သည့် Slide အလျှောပုံစံမျိုးဖြစ်ကြောင်းပုံကြမ်းများမှသိရှိရသည်။


Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com