10/20/2015

♪ “ပညာရေးဝန်ကြီးဌာနနှင့် KMD တို့ ပူးပေါင်းကာ Web Dev နှင့် Network Communication Diploma သင်တန်းများဖွင့်လှစ်မည်” ♫

http://www.utas.edu.au/__data/assets/image/0011/404993/IMG_3154.jpg

နည်းပညာခေတ်တွင် ပြည်တွင်း/ပြည်ပ၌ Web Developer တစ်ယောက် သို့မဟုတ် Network ပညာရှင် တစ်ယောက်အနေဖြင့် အသက်မွေး ၀မ်းကြောင်း ပြုရပ်တည်နိုင်လိုသူများအတွက် လိုအပ်သောပညာရပ် များကို အခြေခံမှစ၍ ကျွမ်းကျင်အဆင့်အထိ နားလည်တတ်ကျွမ်းစေရန် သင်ကြား ပေးမည့် Web Development နှင့် Network Communication သင်တန်း များကို ပညာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန-ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် KMD တို့ ပူးပေါင်း၍ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

Web Development Diploma သင်တန်း တွင် Web Site များဖန်တီးရေးသားရာတွင် သိသင့် သိထိုက်သော နည်းပညာ များ၊ စီးပွားရေးလုပ်ငန်းတစ်ခုကို အကောင်အထည်ဖော်ရာတွင် လုပ်ဆောင် ရမည့်နည်းလမ်းများ၊ System Analyst တစ်ယောက်လုပ်ဆောင်ရမည့် တာဝန်များ၊ e-Government လုပ်ငန်းများ၊ အသင်းအဖွဲ့ များနှင့် စီးပွားရေး လုပ်ငန်းများအတွက် Dynamic Web Site များဖန်တီးရေးသားနိုင်ရန်လိုအပ် သော Programming Concept များသင်ကြားပေးခြင်း၊ System Designer Screen Design များရေးဆွဲခြင်း၊ စစ်ဆေးခြင်း၊ Internet ပေါ်တွင်စီးပွားရေး လုပ်သည့်အခါ အရေးကြီးသည့်အချက်အလက်များကို လုံခြုံစိတ်ချမှု ရှိစေ ရန်လိုအပ်သောနည်းပညာများ၊ အရေးကြီးသည့် အချက်အလက်များကို Database အတွင်း သိမ်းဆည်း ခြင်း၊ ရှာဖွေခြင်းလုပ်ငန်းများကို အချိန်ကုန် သက်သာစွာဆောင်ရွက်နိုင်ရန်သင်ကြားပေးသည့် သင်တန်းဖြစ်ပါသည်။

Network Communication Diploma သင်တန်းတွင် Network ချိတ်ဆက် ခြင်းများ၏ အခြေခံနည်း ပညာများ၊ အသေးစားလုပ်ငန်း Network ချိတ်နည်းမှ Enterprise လုပ်ငန်းခွင်ကြီးများတွင် Network ချိတ်ဆက် နည်းပညာရပ်များ၊ Wireless နည်းပညာများနှင့်လုံခြုံရေးနည်းပညာရပ်များ၊ Server Administrator တစ်ဦးအတွက်လိုအပ်သော Network Infrastructure Management ပညာရပ်များ၊ Telecom Network (2G, 3G, 4G) ပညာရပ်များကိုစာတွေ့၊ လက်တွေ့သင်ကြားပေးမည့် သင်တန်း ဖြစ်ပါသည်။ သင်တန်းကာလမှာ (၉)လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းများကို သထုံလမ်း၊ အဝေးသင်ဌာနတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။

သင်တန်းပြီးဆုံးပါက ပညာရေးဝန်ကြီးဌာနမှ ချီးမြှင့်မည့် Diploma များကိုရရှိမည်ဖြစ်ပြီး University of Greenwich (UK) ၏ Second Year Computing Diploma ကို တက်ရောက်နိုင်ပြီး International B.Sc (Hons) Degree ရရှိသည်အထိတက်ရောက်နိုင်မည်ဖြစ်ပါသည်။ယခုအသစ် ဖွင့်လှစ် မည့် Web Development နှင့် Network Communication သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း KMD : 01-501243, 381035 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး KMD ၏ Facebook Page ဖြစ်သော KMD Education Service Page တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါသည်။

MG
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com