
အူရီဒူးမြန်မာမှ အင်တာနက်ဝယ်ယူသည့်အခါရရှိသော Double Bonus အစီအစဉ်မှာ စက်တင်ဘာလ (၃၀) ရက်နေ့တွင်ပြီးဆုံးသွားပြီ ဖစ်ပြီး အင်တာနက် Plan အစီအစဉ်များကိုလည်း ဈေးနှုန်းအနည်းငယ်ကို တိုးမြှင့်၍ အသစ်ထပ်မံသတ်မှတ်လိုက်ပြီဖြ စ် ကြောင်း သတင်းထုတ်ပြန်ပါသည်။
အူရီဒူးမြန်မာမှ တာဝန်ရှိသူ တစ်ဦးက “အင်တာနက်ဝယ်ယူသည့်အခါရရှိ သော Double Bonus အစီအစဉ်မှာ စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာ။ အင်တာနက် Plan အစီအစဉ်များကိုလည်း ပြောင်းလဲထားပါတယ်။ လောလောဆယ်မှာ သီတင်းကျွတ်ပရိုမိုးရှင်းအေ နနဲ့
အောက်တိုဘာ(၁) ရက်ကနေ အောက်တိုဘာ (၃၁)ရက်အထိ ဖုန်းဘေလ် ဖြည့်တဲ့ ပမာဏရဲ့
၅၀ ရာခိုင်နှုန်းကို Bonus အနေနဲ့ပေးနေလို့ အင်တာနက် Double Bonus
အစီအစဉ်ကို ခဏဖြုတ်ထားတာပါ။ ဒါကိုဘယ်တော့ပြန်ပေး မလဲဆိုတာတော့
အတိအကျမသိရသေးပါဘူး” ဟုပြောသည်။ပြောင်းလဲ လိုက်သည့်
အင်တာနက်ပလန်အသစ်များတွင် ယခင်ပေးနေသည့်ရက်(၃၀)အသုံြး ပုခွင့်ရှိသော ၅၀၀ 500 MB ပလန်ကိုလည်းဖျက်လိုက်ပြီးယခ င် 1GB လျှင်ကျပ် ၆၉၀၀ အစားကျပ် ၈၀၀၀ အဖြစ်ပြောင်း လဲကောက်ခံမည် ဖြစ်ကြောင်းသိရသည်။
အူရီဒူးအသုံးပြုသူတစ်ဦးဖြစ်သည့် မော်လမြိုင်မှမသက်မြတ်နိုးက “မော်လမြိုင်မှာကအမ်ပီတီက လိုင်းသိပ် မ ကောင်းဘူး၊ အူရီဒူး ကတော့ ပိုကောင်းတယ်။ ဒါပေမယ့်အခုပြောင်းလိုက်တဲ့ အင်တာနက် ပလန် ဈေးနှုန်း တွေ အရဆိုရင်တော့အမ်ပီတီဒါမှမဟု တ် တယ်လီနောပဲပြောင်းသုံး၊ ဒါမှမဟုတ် လျော့သုံးရ မှာပေါ့” ဟုပြောသည်။ပြောင်းလဲကောက်ခံ မည့် နှုန်းထားနှင့်ပလန်အသစ်များမှာ
Daily (24 နာရီ) 50 MB= 390 ကျပ် ရယူလိုပါက 2238သို့ 50 MB၊ Weekly (7ရက်)
650 MB=5000 ကျပ် အတွက် 2238 သို့ 650MB ဟုပေးပို့ရမည်ဖြစ်ပြီး
ရက်(၃၀)အသုံးပြုနိုင်မည့် 1GB= 8000 ကျပ်အတွက် 2238 သို့ 1GB ဟုလည်းကောင်း၊
Monthly (30 ရက်) 2GB=15000 ကျပ်ရယူလိုပါက 2238 သို့ 2GB ဟု လည်းကောင်း၊
Monthly (30 ရက်) 5GB=25000 ကျပ်အတွက် 2238 သို့ 5GB ဟု SMS ပေးပို့ပြီး
ဝယ်ယူနိုင်မည်ဖြစ်သည်။“ အခုတိုင်းသာဆက်သွားမယ်ဆိုရင် အူရီဒူးကိုမသုံးဖြစ်လောက်တော့ဘူး။ အမ်ပီတီဆွေသဟာတောင်မှ ဒီ လောက်မရှိဘူးလေ။ အူရီဒူးလည်းလိုင်းမကောင်းတာ
(၂)ပတ်လောက် ရှိနေပြီ။ ဈေးလည်းတက်မယ်၊ Double Bonus လည်း မရတော့ဘူးဆိုရင်
တယ်လီနောဖြစ်ဖြစ်၊ အမ်ပီတီဖြစ်ဖြစ် ပြောင်းသုံးမလားစဉ်းစားတယ်” ဟု မဆွေမွန်ကဆိုပါသည်။
အလုံမြို့နယ်မှကိုဖိုးသားကလ ည်း
“ကျွန်တော်က အောက်တိုဘာလ(၁)ရက် နေ့မနက်ကျမှအင်တာနက် သုံးဖို့ ထပ်ဝယ်မိတာ၊
500 MB ကိုဝယ်တာ ဘယ်လိုမှမရတာနဲ့ 1GB ၀ယ်လိုက်တာ၊ ဖြစ်ချင်တော့ App ကနေ
တစ်ဆင့် ၀ယ်မိတော့ ၈၀၀၀ ကျပ်တစ်ခါတည်းတန်းဖြတ်သွားေ ရာ။ ကြိုမသိထားတော့ စိတ်ထဲ တစ်မျိုးဖြစ် သွားတာပေါ့။ ဘာပဲဖြစ်ဖြစ်အသုံးပြုတဲ့သူေ တွကို
ကြိုပြီး အသိပေးသင့်တယ် ထင်ပါတယ်။ 500 MB ရှိနေရင် တောင်အဆင်ပြေ သေးတယ်။
အခုပေးတဲ့ တစ်ပတ်စာ 650 MB ကတော့ ဘယ်လိုမှ အဆင် မပြေပါဘူး”ဟု
ရှင်းပြပါသည်။အူရီဒူးမြန်မာ မှ
လတ်တလော ပေးနေသည့် သီတင်းကျွတ်ကာလ ၅၀ ရာခိုင်နှုန်း Bonus ပရိုမိုးရှင်း
အတွက် ငွေဖြည့် အပိုဆောင်းလက် ဆောင်သက်တမ်းကိုလည်း တင်ရှိ ချိန်မှစ၍ ၂၄
နာရီ သက်တမ်းဖြစ်ပြီး နံနက် (၆)နာရီမှ ညနေ(၆)နာရီအ တွင်း အသုံးပြုရန်
သတ်မှတ် ထားကြောင်းသိရသည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
အူရီဒူးမြန်မာမှ တာဝန်ရှိသူ တစ်ဦးက “အင်တာနက်ဝယ်ယူသည့်အခါရရှိ သော Double Bonus အစီအစဉ်မှာ စက်တင်ဘာလ(၃၀)ရက်နေ့တွင် ပြီးဆုံးသွားပြီဖြစ်ပါတယ်ခင
အူရီဒူးအသုံးပြုသူတစ်ဦးဖြစ
အလုံမြို့နယ်မှကိုဖိုးသားကလ
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/