10/09/2015

♪ MPT မိုဘိုင်းဖုန်းလိုင်းများ အတွက် ခေါ်ဆိုချိန် ကြာမြင့်မှုနှင့် ခေါ်ဆိုမှုကျသင့်ငွေကို စာတိုစနစ် ပြန်လည်ပေးပို့မည် ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့၏ မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် မိုဘိုင်းဖုန်းခေါ်ဆိုမှု ကြာမြင့်ချိန်နှင့် ခေါ်ဆိုမှုအတွက် ကျသင့်ငွေကို မိုဘိုင်းဖုန်း ပြောဆိုပြီးသည်နှင့် စာတိုစနစ် ပြန်လည်ပေးပို့ သွားမည်ဟု သိရသည်။

“အခြားအော်ပရေတာလိုပဲ ဖုန်းခေါ်လိုက်တယ်။ ဘယ်လောက်ကြာတယ်၊ ဘယ်လောက်ကျသင့်တယ် ဆိုတာကို ပြန်ပြီးတော့ ပြပေးမှာ။ အရင်တုန်းက အဲဒါကို တောင်းဆိုကြတယ်လေ။ အခု အဲ့ဒါရပါပြီ။ AOC စနစ်လို့ ခေါ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Deputy Commercial Officer ဖြစ်သူ ဦးသိန်းဟုတ်က ပြောသည်။

မိုဘိုင်းဖုန်းအသုံးပြုခဲ့သည့် မှတ်တမ်းကို ပြန်လည် ဖော်ပြပေးရာတွင် ကြာမြင့်ချိန်၊ ကျသင့်ငွေ၊ လက်ကျန်ငွေနှင့် လက်ကျန်ငွေ အသုံးပြုနိုင်မည့် သက်တမ်းကို တစ်ပါတည်း ဖော်ပြပေး သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့် WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများ အတွက် ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဝန်ဆောင်မှု ရရှိရန် လျှောက်ထားမှု မလိုအပ်ကြောင်း သိရသည်။

“အားလုံးလည်း ကျေနပ်ပျော်ရွှင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ MPT က ဖုန်းသုံးစွဲနိုင်မှုအတွက် ပိုပြီးချဲ့ထွင်နေတာနဲ့အမျှ ပေးနေတဲ့ ဝန်ဆောင်မှုတွေကိုလည်း ပိုပြီး တိုးမြှင့်သွားမှာပါ” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com