Microsoft
မှ မိတ်ဆက်ကြေညာမည့် ဖုန်းအသစ်နှစ်မျိုးအနက် အရွယ်ကြီးမားသည့်
အမျိုးအစားကို ဖယ်ရှားနိုင်သည့် ဘက်ထရီဖြင့် အသုံးပြုနိုင်ဖွယ်ရှိကြောင်း
သိရသည်။
Lumia 950XL ၏ ပေါက်ကြားပေါ်ထွက်လာသည့် ဓာတ်ပုံတစ်ပုံတွင် 3,350mAh ဘက်ထရီ ပါဝင်သော ဖုန်း၏ကျောဘက်ကို ပြသထားပြီး သေးငယ်သည့် မြောင်းများ ပါဝင်သောကြောင့် ဘက်ထရီကို ဖယ်ရှားနိုင် ဖွယ်ရှိသည်။
Apple, Samsung, Google, HTC နှင့် အခြားကုမ္ပဏီတို့သည် ၎င်းတို့၏ ဖုန်းအသစ်များ၌ မဖယ်ရှားနိုင်သော ဘက်ထရီကို အသုံးပြုထားသောကြောင့် ဘက်ထရီကို ဆွဲထုတ်ဖယ်ရှားခြင်း မပြုလုပ်နိုင်ပေ။ ထို့အတွက်ကြောင့် iPhone ဘက်ထရီ အားကုန်သွားသည့်အခါ သုံးစွဲသူက အခြားသူက ဘက်ထရီကို အစားထိုးထည့်သွင်း သုံးစွဲခြင်းထက် အားသွင်းကြိုးကို မဖြစ်မနေ ရှာဖွေရမည် ဖြစ်သည်။
Microsoft ၏ Lumia 950XL ဖုန်းသစ်သည် ၂၀၁၄ ခုနှစ်တွင် ဖြန့်ချိခဲ့သည့် Lumia 930 နောက်ပိုင်း ပထမဦးဆုံး အထင်ကရ Windows ဖုန်းသစ် ဖြစ်လာမည် ဖြစ်သည်။
Lumia 950XL တွင် ၅.၇ လက်မ screen ပါဝင်ပြီး Windows 10 Mobile ကို အသုံးပြုထားသည်။ အရွယ်သေးငယ်သည့် အမျိုးအစားကို Lumia 950 ဟုခေါ်ဆိုပြီး ၎င်းတွင် ၅.၂ လက်မ screen ပါဝင်မည် ဖြစ်သည်။
Ref: BusinessInsider

Credit to ==> Internet Journal