10/15/2015

♪ “Microsoft က Lumia 950 XL ကိုကြေညာ” ♫


Microsoft က Lumia 950 XL ကိုမိတ်ဆက်လိုက်ပါတယ်။ ၅.၇ လက်မ QHD Display တပ်ဆင်ထားပြီး AMOLED အမျိုးအစားဖြစ်ပါတယ်။အနောက်ဘက် မှာ 20MP PureView Camera တပ်ဆင်ထားပြီး 2160p Video များကို ရိုက်ကူး နိုင်ပါတယ်။ 5th Generation Optical Image Stabilization နည်းပညာကိုအသုံးပြုထားပြီး LED Flash သုံးခုပါရှိပါတယ်။ အရှေ့ဘက်မှာ 5MP Selfie Camera တပ်ဆင်ထားပြီး LED Flash ပါရှိပါတယ်။ Qi Wireless ကြိုးမဲ့အားသွင်းစနစ်ပါ ရှိပါတယ်။ 3340mAh Battery က အခြား စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများထက် ကြီးမားပါတယ်။ Windows 10 Mobile OS မောင်းနှင်မှာဖြစ်ပြီး ရုတ်တရက် ကြည့်ရှုရင် User Interface ဟာ WP8 နဲ့ ဆင်တူပါတယ်။ Microsoft က ဆော့ဝဲလ် အပိုင်းမှာ ဒတ်စတော့နဲ့ မိုဘိုင်းကိုတူညီအောင် ပြုလုပ်ထားပါတယ်။

အိတ်ကပ်ထဲမှာဒတ်စတော့ကွန်ပျူတာတစ်လုံးကို ထည့်သွင်းသွားသလို အသုံးပြုနိုင်တဲ့ Continuum စွမ်းဆောင်ချက်လည်းပါရှိပါတယ်။ USB Type C ပါရှိပြီးဒေတာ ကူးပြောင်းခြင်း ၊ အားသွင်းခြင်း၊ ဗီဒီယိုများထုတ်လွှင့်ခြင်း များ ပြုလုပ်ရင် အလွန်လျင်မြန်ပါတယ်။ ၃၀ မိနစ်အားသွင်းရင် ၅၀ ရာခိုင်နှုန်းအားဖြည့်ပေးနိုင်ပါတယ်။ 2GHz Cortex-A57 Core လေးလုံးနဲ့ 1.5GHz A53s လေးလုံးပါတဲ့ Snapdragon 810 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။


QHD Graphics ကိုAdreno 430 က ကိုင်တွယ်မှာ ဖြစ်ပါတယ်။ 3GB RAM ထည့်သွင်း ထားပါတယ်။ ဖုန်းရဲ့ အပူချိန်ကိုလျှော့ချပေးတဲ့ Liquid Cooling နည်းပညာပါရှိပါတယ်။ ဖုန်းကိုမော်နီတာများနဲ့ ချိတ်ဆက် အသုံးပြု နိုင်မယ့် Continuum အတွက် Display Dock ကိုလည်း Microsoft က မိတ်ဆက်လိုက်ပြီး HDMI တစ်ခု၊ Display Port တစ်ခု၊ USB Ports သုံးခု ပါရှိပါတယ်။ Beta အဆင့်မှာသာရှိသေးတဲ့ Windows Hello စွမ်းဆောင်ချက် အသစ်က အရှေ့ဘက်ကင်မရာကနေသင့်မျက်နှာကိုစစ်ဆေးပြီးဖုန်းကို Unlock လုပ်ပေးနိုင်ပါတယ်။ နိုဝင်ဘာလ မှာ ဒေါ်လာ ၆၅၀ ဖြင့် ရောင်းချ ပေးမှာ ဖြစ်ပြီး Dual SIM လည်းထုတ်လုပ်ပေးထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com