9 လေးလုံး ရိုက်ပြီးသွားတဲ့အခါမှာ 1 လေးလုံး ထပ်ရိုက်ပါ။
1 လေးလုံး ရိုက်ပြီးချိန်မှာ 3 လေးလုံး ထပ်ရိုက်ပါ။ 3 လေးလုံး ရိုက်ပြီးချိန်မှာ 1 လေးလုံးထပ်ရိုက် ပါ။ 1 လေးလုံး ရိုက်ပြီးရင်တော့ဒီ နေရာမှာ နောက်ထပ်ရိုက်မယ့် ဂဏန်းလေးလုံးဟာ အရေးကြီးပါ တယ်။ 6 ကိုနှစ်လုံးပဲရိုက်ပါ။ 6 နှစ်လုံးရိုက်ပြီးချိန်မှာ Home ခလုတ်ကိုနှိပ်ပြီး 4 နှစ်လုံးကို ဆက်တိုက်မြန်မြန် ရိုက်လိုက်ပါ။
ဒီလိုမျိုး ရိုက်လိုက်တဲ့အချိန်မှာ ခုလိုမျိုးမြင်ရပါလိမ့်မယ်။
ဒါဆိုရင်တော့ ဒါက Siri ပွင့်လာတာဖြစ်ပါတယ်။ Siri ပွင့်လာတဲ့အချိန်မှာ Time လို့ပြောလိုက်ပါ။ ဒါဆိုရင် အချိန်နေရာကို ရောက်ရှိပါလိမ့်မယ်။
အချိန်ဘားတန်းကို နှိပ်လိုက်ရင်ခုလိုမျိုး မြင်ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ အပေါင်းလက္ခဏာကို နှိပ်လိုက်ပါ။ ဒါဆိုရင်ခုလို ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့ ဘားတန်းထဲမှာ q လို့ ရိုက်လိုက်ပြီး နှစ်ချက် Double Tap နှိပ်လိုက်ရင် Select All ပေါ်လာပါလိမ့်မယ်။
Select All ကိုလုပ်ပြီးနောက် တစ်ချက်နှိပ်လိုက်ရင် ခုလိုထပ်မြင်တွေ့ ရပါလိမ့်မယ်။
Share ကိုနှိပ်လိုက်ရင်တော့ ခုလိုမြင်ရပါလိမ့်မယ်။
မြင်တွေ့ရတဲ့မြင်ကွင်းမှာ အသုံးပြုနိုင်မယ့် စနစ်တွေကို မြင်တွေ့ရပါလိမ့်မယ်။ Message ကိုရွေးချယ်ပြီး နှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။
ဒါကတော့ Message စနစ်ထဲကို ရောက်ရှိသွားတာဖြစ်ပြီး ဒီထဲမှာ ကိုယ်မြင်ချင်တဲ့ Contact တွေကို ရွေးချယ်ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။
Contact အသစ် ထပ်မံမှတ်သားချင်တယ် ဆိုရင်လည်း ကိုယ်မှတ်သားချင်တဲ့ နံပါတ်ကိုဖြည့် စွက်ပြီး New Contact အနေနဲ့ မှတ်သားနိုင်ပါတယ်။ ဒီနေရာက Contact တွေကို ဝင်ရောက်ရှာဖွေနိုင်ပေမယ့် ဖုန်းတော့ခေါ်လို့မရ နိုင်ပါဘူး။ Contact တွေကို ရွေးချယ်ရှာဖွေနိုင်ပြီး အသစ်ဖြည့်စွက် ချင်တယ်ဆိုရင်လည်း ဖြည့်စွက်နိုင်ပါတယ်။ Contact အတွက် ဓာတ်ပုံတွေကို ဖြည့်စွက်ချင်ရင်လည်း Contact အသစ်မှာ ဖြည့်စွက်နိုင်ပါတယ်။
ဒါကတော့ iOS 9 မှာ ရှိနေတဲ့ အားနည်းချက်တစ်ခုလို့ ဆိုနိုင်ပေမယ့်လည်း ဒီအားနည်းချက်ဟာ အွန်လိုင်းစနစ်နဲ့ Siri စနစ်တို့ရဲ့ ပြည့်စုံမှုရှိနေမှသာ ပြုလုပ်နိုင်တဲ့ ပုံစံမျိုးရှိပါတယ်။ Siri ကနေတစ်ဆင့် ဝင်တာဖြစ်တဲ့အတွက် ဖုန်းရဲ့ပုံမှန် အခြေအနေမှာတင်ပဲ Lock အခြေအနေမှာ Home Key ကို ဖိနှိပ်ထားပြီး Siri ကိုခေါ်ပြီး ပြုလုပ်ရင်လည်း ရနိုင်မယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ Passcode တွေမနှိပ်ရင် Siri ကနေလည်း ဝင်လို့မရပါဘူး။ ဒါပေမယ့် ဒီအားနည်းချက်ကို Apple ကနေ ပြင်ဆင်လိုက်ပြီဆိုတဲ့ အချိန်ကျရင်တော့ ဒါကိုပြုလုပ်လို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။
Ref:BGR
Credit internetjournal
သီဟထိုက်
My Facebook Account Click
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။