10/16/2015

♪ ဈေးနှုန်းချိုသာပြီးအရည်သွေးကောင်းမွန်သော - “Intex Aqua Q3” ♫


 ပြည်တွင်းဈေးကွက်ထဲရှိ ဟန်းဆက်ထုတ်လုပ်သော အမှတ်တံဆိပ်များစွာ တို့ဟာ သုံးစွဲသူကိုယ်စီ ရှိကြပြီး ဈေးကွက် ဝေစုပိုမိုရရှိဖို့အတွက် နည်းလမ်း မျိုးစုံနဲ့ ဆောင်ရွက်နေကြပါတယ်။ သက်ဆိုင်ရာ အရောင်းဆိုင်များ၏ရှေ့တွင် အမှတ် တံဆိပ်များကို ထင်သာမြင်သာရှိအောင် ပုံဖော်ကြပြီး အများပြည်သူ ရုံးပိတ်ရက်များ၌သီချင်းဖွင့်ခြင်း၊ အရုပ်များနဲ့ ဆွဲဆောင်ခြင်းတို့ဖြင့် အရောင်း မြှင့်တင်ကြပါတယ်။

အချို့သော တံဆိပ်တွေကတော့ ပုံမှန်နည်းလမ်းများ ဖြင့်သာ ရောင်းချကြပါတယ်။ အရောင်းဆိုင်များ ၌ ဈေးနှုန်းသင့်တင့်သော ဟန်းဆက်များကို ပိုမိုရောင်းချတတ်ကြပါတယ်။ လူတန်းစားမျိုးစုံ သုံးစွဲဖို့ အဆင်ပြေ ခြင်းကြောင့်ပါ။ Intex တံဆိပ်ဖုန်းများဟာလည်း သုံးစွဲသူများ အတွက် အဆင်ပြေစေပါလိမ့်မယ်။ 2G, 3G Network များကို သုံးစွဲနိုင်ပါ မယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 131.5 x 65 x 9.5mm ရှိပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ 4.5inches ဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏကလည်း ကောင်းမွန်ပါတယ်။

ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် အရှေ့အနောက်ကင်မရာ နှစ်မျိုးကို တပ်ဆင် ပေးထားပါတယ်။ အဓိက ကင်မရာဟာ 8MP စွမ်းရည်ရှိပြီး LED Flash နဲ့ တွဲဖက်အသုံးပြုနိုင်ပါမယ်။ ရိုက်ကူးလိုက်သော ပုံရိပ်များကို 3264 x 2448 Pixels ပမာဏနဲ့ ဖော်ပြပေးပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 1.3MP စွမ်းရည်ရှိပါမယ်။ ထည့်သွင်းပေးထားသော Processor အမျိုးအစား ကတော့ Quad core 1.2GHz ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါ တွင် တုံ့ပြန်မှုများကောင်းမွန်ပါလိမ့်မယ်။ မှတ်ဥာဏ်ပမာဏအပိုင်း၌ RAM သည် 1GB ပါရှိမှာဖြစ်ပြီး Internal Storage တွင် 8GB ထည့်သွင်းပေးထား ပါတယ်။

အချက်အလက်အများအပြား သိမ်းဆည်းချင်သူများအတွက်လည်း SD Card စိုက်၍ မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်သုံးစွဲနိုင်အောင် ဆောင်ရွက် ပေးထားပါတယ်။ Battery မှာ Li-Ion 1800 mAh ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA
Screen - 4.5 inches
Memory - 8 GB
Bluetooth - Yes
CPU - Quad Core 1.2GHz
OS - Android OS,v4.4
Contact - 01-381904
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com