10/16/2015

♪ Facebook app request များကို တားမြစ်ခြင်း ♫


Facebook သုံးစွဲသူများ တစ်ခါတရံမှာ Facebook game app များမှ Request ပေးပို့ခြင်းကို ကြုံရတဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ကြမှာပါ။ Candy Crush တို့လိုဂိမ်းမျိုးမှ request ပေးပို့ခြင်း၊ Criminal Case game ကဲ့သို့ game များကို ကစားရန် invite ပြုလုပ်ခံရခြင်း အစရှိတဲ့ မလိုလားအပ်တဲ့ Notification တွေ ကိုကိုယ့်ရဲ့ Facebook ကနေ ဖယ်ရှားချင်တယ်ဆိုရင် အောက်ဖော်ပြပါ အတိုင်း ပြုလုပ်နိုင် ပါတယ်။

Facebook မှ သူငယ်ချင်းအပေါင်းအသင်းများ app request များကို တားဆီးရန်အတွက် Facebook စာမျက်နှာရဲ့ ညာဘက်ထောင့်မှာရှိတဲ့ down arrow ကို နှိပ်ပြီး settings ကို ရွေးချယ်လိုက်ပါ။


နောက်ထပ် Settings စာမျက်နှာနေရာကို ရောက်သွားပြီဆိုရင် Blocking ဆိုတဲ့ Tab ကို ရွေးချယ်ပေးရ ပါမယ်။


ပြီးသွားရင် မိမိအကောင့်ကို Invite လုပ်လာတဲ့ Facebook Friend များကို Block Invites from ဆိုတဲ့ box နေရာမှာ Friend Name များကို ထည့်သွင်းပေးထားရုံနဲ့ အဆိုပါ သူငယ်ချင်းမှ အမြဲပို့နေသည့် app request များကို block ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။


Facebook ပေါ်မှ game app တွေကို block ထားချင်သူများအနေနဲ့ အဆိုပါ Blocking tab အောက်မှာရှိတဲ့ Block apps ဆိုတဲ့ Box နေရာမှာ block ချင်တဲ့ game app များကို ထည့်သွင်းပေးထားနိုင်ပါတယ်။

Ref: CNET
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com