10/03/2015

♪ “Attila P8 Plus” ♫


တရုတ်နိုင်ငံထုတ် ဟန်းဆက်များသည် အခြားဟန်းဆက်များနှင့် ယှဉ်လျှင် ဈေးနှုန်းတန်ဖိုးပိုင်း၌ သက်သာမှုရှိပါတယ်။ စွမ်းဆောင်ရည်ပိုင်း နှင့် ပတ်သက်၍ သင့်တင့်သောအထောက်အပံ့များပေးစွမ်းနိုင် ပါတယ်။ အရှေ့ အနောက်ကင်မရာကိုလှည့်လည်သုံးစွဲနိုင်သောဖုန်းအမျိုးအစားကို အချို့ သောသုံးစွဲသူတွေ ကကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် Attila သည်လည်း ကင်မရာဘောင်ကိုလှည့်လည်သုံးစွဲနိုင်မယ့် M3ဆိုသော ဟန်းဆက်ကိုလည်း ထုတ်လုပ်ပေးထားပါသေးတယ်။

နာမည်ကြီးတံဆိပ်ဖုန်းများနည်းတူ ဒီဇိုင်း ပိုင်းတူညီသည့် ဖုန်းအမျိုးအစားများကိုလည်းထုတ်လုပ်ရောင်းချပေး ထားပါ သေးတယ်။ Attila ရဲ့ P8 Plus ဟန်းဆက်သည် ဖုန်းအနောက် ဘက်ကာဘာ ၌ ဒီဇိုင်းပုံစံကို လှပအောင်ဆောင်ရွက်ပေးထားပါတယ်။ အနောက်ဘက် ထိပ်ပိုင်း ကိုအနက်ရောင်ဒီဇိုင်းခြယ်ထားပြီး အဓိကကင်မရာနှင့် Flash မီး ကိုထောင့်စွန်း၌တွဲလျက်တပ်ဆင်ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားမှာ2G, 3G ဖြစ်ပါတယ်။

ဖုန်းရဲ့အရွယ်အစားပမာဏ မှာ155 x 77.7 x 7.9mm ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်း ကတော့ 5.5inches ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးနိုင်မယ့် အဓိက ကင်မရာ မှာ8MPစွမ်းရည်ရှိ ပြီးရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။

Sensor စနစ်များကိုလည်းအသုံးပြုလို့ရပါမယ်။ မှတ်ဥာဏ်ပမာဏ အပိုင်း အတွက် RAM ကို4GB ထည့်သွင်းပေးထားပြီးအချက်အလက် အများအပြား သိမ်းဆည်းနိုင်ဖို့အတွက် 32GB ကအထောက် အပံ့ပေးနိုင်ပါတယ်။ Smart Motion ကိုလည်းသုံးလို့ရပါတယ်။ MTK 6580W CPU အမျိုးအစားကို ထည့်သွင်းပေးထားပါသေးတယ်။ Wi-Fi စနစ်သုံးစွဲလို့ရမယ့် ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ အားသွင်း အသုံးပြုနိုင်မယ့် Battery အမျိုးအစားမှာ2800mAh ဖြစ်ခြင်းကြောင့် အချိန်ကြာမြင့်စွာသုံးစွဲနိုင်ပါ မယ်။ ဖုန်းရဲ့ OS အမျိုးအစား ကတော့ Android ဖြစ်ပြီးVersion မှာKitKatပါ။

<Specification>
Network - GSM/WCDMA
Memory - up to 32GB
Bluetooth - Yes
CPU - MTK 6580W
OS - Android OS, v4.4.2
Battery - 2800 mAh
Contact - 09-250309179
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com