10/06/2015

♪ “Apple က iOS 9.0.1 ကို ဖြန့်ချိ” ♫

http://i1.wp.com/www.gottabemobile.com/wp-content/uploads/2015/09/How-to-Install-iOS-9.0.1.jpg?resize=720%2C405
Apple က iOS 9 ရဲ့ ပထမဆုံး Software Update ဖြစ်တဲ့ iOS 9.0.1 ကို ဖြန့်ချိပေးလိုက်ပါတယ်။ Apple က iPhone, iPadများအတွက် သူ့ရဲ့ နောက်ဆုံးထုတ် ဗားရှင်းiOS 9 ကို ပြီးခဲ့တဲ့ တစ်ပတ်ကမှ Public သို့ ဖြန့်ချိ ပေးလိုက်တာဖြစ်ပါတယ်။

iOS 9.0.1 ဟာ Minor Update တစ်ခုသာဖြစ်ပြီး Bug များကို ပြင်ဆင်ပြီးစွမ်းဆောင်ရည် တိုးတက်အောင် ပြုလုပ်ပေးထား ပါတယ်။ iOS 9 မှာတော့ Siriနဲ့ Spotlight တို့အတွက် တိုးတက်ကောင်း မွန်တဲ့ Update များကိုထည့်သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် iPadနဲ့ Apple Apps အသစ်များအတွက်လည်း Multitasking စွမ်းဆောင်ချက်များကို ထည့်သွင်း ပေးခဲ့ပါတယ်။ iOS 9.0.1 မှာSiriကိုအသုံးပြုလို့ မရတဲ့ အသုံးပြုသူတချို့ရဲ့ ပြသာနာ ပြင်ဆင်ပေးထားပါတယ်။ Alarms, Timers တို့ အလုပ်မလုပ်တာကို လည်း ပြုပြင်ပေးထားပါတယ်။

Safari နဲ့ Photos ၊ ဗီဒီယိုများကို အလိုအလျောက် Pause လုပ်တာကိုလည်းဖြေရှင်းပေးထားပါတယ်။ Update ကိုရယူဖို့ Settings > General> Software Update ကိုသွားရမှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com