10/16/2015

♪ OPPO R7 Plus ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက် ♫


OPPO မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သည့် OPPO R7 Plus စမတ်ဖုန်း ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာကြောင်း သိရသည်။

အဆိုပါ စမတ်ဖုန်းကို တန်ဖိုး ၆၉၉,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး OPPO R7 Plus စမတ်ဖုန်း ဝယ်ယူမည်ဆိုပါက ဘာစီလိုနာ အမှတ်တံဆိပ်ပါ Sport ရေဘူးအပြင် VOOC Power Bank, Selfie Stick နှင့် ဘာစီလိုနာ အမှတ်တံဆိပ်ပါ ဖုန်းကာဗာတို့ကို လက်ဆောင်အဖြစ် ပေးအပ်သွား မည် ဖြစ်ကြောင်းသိရသည်။

“ဒီဖုန်းကို ပြည်တွင်းဈေးကွက်မှာ ဝယ်ယူလို့ရနေပါပြီ။ ဒီ OPPO R7 Plus က မြန်မာပြည်ဈေးကွက်ကို အရေအတွက် အကန့် အသတ်နဲ့ ရောက်ရှိလာတာ ဖြစ်တဲ့ အတွက် ရှိသလောက် ဖုန်း အရေအတွက်ကိုပဲ ကျွန်မတို့ ရောင်းချပေးသွားမှာပါ။ Stock ကုန်သွားရင်တော့ ရောင်းမှာမဟုတ်တော့ပါဘူး။ ဒီဖုန်းရဲ့တန်ဖိုးက ၆၉၉,၀၀၀ ကျပ် ဝန်းကျင်ရှိတဲ့ဆိုပေမယ့် ၂ သိန်းကျော် တန်ဖိုးရှိတဲ့ ဘာစီလိုနာ အမှတ်တံဆိပ်ပါတဲ့ လက်ဆောင်ပစ္စည်းတွေကို ပြန်လည်ပေးအပ်သွားမှာပါ” ဟု Oppo Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

OPPO R7 Plus သည် Android Version 5.1 Lollipop ကို အခြေခံထားပြီး ColorOS 2.1 ကို အသုံးပြုထားသည့် GSM နှစ်ကတ်သုံး Dual Sim ဖုန်းအမျိုးအစားဖြစ်ကာ ကိုယ်ထည်ကို ကျစ်လျစ်သော သတ္တုကိုယ်ထည်ဖြင့် ပြုလုပ်ထားသည်။ ဘက်ထရီပိုင်းတွင်လည်း VOOC Flash အားသွင်းစနစ်ပါဝင်သည့် 4100 mAH Lithium-Polymer ဘက်ထရီကို အသုံးပြုထားသည်။ ကင်မရာပိုင်းတွင်လည်း Laser Focus နည်းပညာကို အသုံးပြုထားပြီး ဓာတ်ပုံရိုက်ရာတွင် လက်တုန်မှုကြောင့် ဖြစ်တတ်သည့် ပုံရိပ်ဝေဝါးမှုကို ကာကွယ်ပေးနိုင်မည့် Anti-Shake Image Stabilization လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးထားသည်။

၎င်းတွင် ကျောဘက်ကင်မရာ 13 MP နှင့် အရှေ့ဘက် ကင်မရာ 8 MP ပါဝင်မည်ဖြစ်ပြီး Quad-core 1.5 GHz Cortex-A53 & quad-core 1.0 GHz Cortex-A53 ကို အသုံးပြုထားသည်။ Internal Memory 32 GB, RAM 3 GB ပါဝင်လာမည့်အပြင် မှတ်ဥာဏ်ထပ်တိုး အသုံးပြုမည်ဆိုပါက 128 GB ထပ်တိုး အသုံးပြုနိုင်မည်ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com