10/17/2015

♪ Meizu M2 Note Official ဟန်းဆက် ပြည်တွင်းဈေးကွက်သို့ စတင်ဝင်ရောက်လာ ♫


မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ပြည်တွင်းနှင့် ကိုက်ညီမှုရှိသော မြန်မာစာစနစ်များ ပါဝင်လာသည့် Meizu m2 Note Official ဟန်းဆက် အမျိုးအစားအား စတင်တင်သွင်းလာပြီဖြစ်ပြီး အဆိုပါ Smart Phone အား Gloden AEC Group Co.,LTD မှ တရားဝင်တင်သွင်းခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့  Gloden AEC Group အနေနဲ့  Meizu ဟန်းဆက်တွေကို တရားဝင်ဖြန့်ချိသွားမှာ ဖြစ်ပါ တယ်။ Offical အလုံးတွေဖြစ်တဲ့ အတွက် ဈေးကွက်ထဲက ဈေးနှုန်းတွေနဲ့တော့ ဈေးကွာနေမှာပါ။ ပြီးတာ့ အာမခံ တစ်နှစ်ပေးထားပါတယ်။ ဒါ့အပြင် Official ဟန်းဆက်တွေမှာ Google Service တွေဖြစ်တဲ့ Playstore , Gmail, Hangouts စတဲ့ App တွေနဲ့ ပြည်တွင်းအသုံးပြု မြန်မာစာစနစ်တွေ တစ်ပါတည်း ပါဝင်လာမှာပါ” ဟု Gloden AEC Group Co.,LTD မှ တာဝန်ရှိသူ ကိုကြည်မြင့်က ပြောပြခဲ့သည်။

အဆိုပါ M2 Note ဟန်းဆက်များအား တန်ဖိုး ၂၁၅,၀၀၀ ကျပ်ဖြင့် E- City Mobile ဖုန်းဆိုင်နှင့် အမြို့မြို့အနယ်နယ်ရှိ Mobile ဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com