သတင်းပေါင်းမြောက်များစွာကြိုတင်ထွက်ပေါ်ခဲ့တဲ့ Lumia 950 နဲ့
Lumia 950XL ကို Microsoft ကတရားဝင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။
Windows 10 Device Event မှာထွက်ပေါ်ခဲ့တဲ့ထုတ်ကုန်တွေအနက် Lumia 950 မှာ ၅.၂လက်မအရွယ် QHD AMOLED မျက်နှာပြင်ပါဝင်တာကိုတွေ့ရပါတယ်။အတွင်းပိုင်းလုပ်ဆောင်ချက်တွေမှာတော့ Snapdragon 808 SoC နဲ့အတူ 3GB RAMနဲ့32GB Storage ပါဝင်တယ်လို့ဖော်ပြပါတယ်။
Credit to ==> TechSpace Journal

ကင်မရာအနေနဲ့ကတော့ Lumia 950 ရဲ့ကျောဘက်မှာ ပဉ္စမမျိုးဆက် Optical Image
Stabilization နဲ့အတူ20MP PureView ကင်မရာပါဝင်ပြီး 2160p
အရည်အသွေးရှိတဲ့ဗီဒီယိုတွေကို Hi-Fi အသံအရည် အသွေးနဲ့ရိုက်ကူးနိုင်မယ်လို့
သိရပါတယ်။ Lumia 950 ရဲ့မျက်နှာစာမှာတော့ 1080p အရည်အသွေးနဲ့
ရိုက်ကူးနိုင်တဲ့ 5MP ကင်မရာပါဝင်မှာပါ။ဘက်ထရီကတော့ 3,000mAh ဖြစ်ပြီး
ကြိုးမဲ့စနစ်နဲ့ အားသွင်း နိုင်မှာဖြစ်ပါတယ်။
နောက်တစ်လုံးဖြစ်တဲ့ Lumia 950 XL မှာတော့ Lumia 950 ထက်အရွယ်အစားပိုမိုကြီးမားတဲ့ ၅.၇လက်မအရွယ် QHD မျက်နှာပြင်ပါဝင်မှာဖြစ်ပါတယ်။အတွင်းပိုင်းမှာတော့ Snapdragon 810 Chipset နဲ့အတူ 3GB RAM ပါဝင်မှာပါ။မှတ်ညဏ်သိုလှောင်နိုင်စွမ်းကတော့ 32GB ဖြစ်ပြီး microSD နဲ့ထပ်မံတိုးချဲ့နိုင်မယ်လို့ သိရပါတယ်။
ကင်မရာပိုင်းအနေနဲ့ကတော့ Lumia 950 XL ရဲ့ကျောဘက်မှာ RGB LEDs အလင်းဖြည့်မီးသုံးပွင့်နဲ့အတူ 20MP PureView ကင်မရာပါဝင်မှာပါ။မျက်နှာစာကင်မရာကတော့ 5MP ဖြစ်ပြီး အလင်းဖြည့်မီး ပါဝင်ပါတယ်။ဘက်ထရီကတော့ 3,300mAh ဖြစ်ပြီး 950 လိုပဲကြိုးမဲ့စနစ်နဲ့အားသွင်းနိုင်မှာဖြစ်ပါတယ်။
ဈေးနှုန်းပိုင်းမှာတော့ Lumia 950 ကိုဒေါ်လာ ၅၅၀ သတ်မှတ်ထားပြီး 950 XL ကိုတော့ ဒေါ်လာ ၆၅၀ သတ်မှတ်ထားပါတယ်။ Micresoft အနေနဲ့ ဒီဖုန်းနှစ်လုံးကို လာမယ့်လမှာစတင်ဖြန့်ချိသွားမှာဖြစ်တယ်လို့ သိရပေမယ့်လည်း ဖြန့်ချိမယ့်အစီအစဉ်အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။