10/05/2015

LG က ဒုတိယမျိုးဆက် Urbane Smartwatch ကို ပြသ

4

LG က တောင်ကိုရီးယားတွင် ဒုတိယမျိုးဆက် Urbane Smartwatch ကို ပြသလိုက်ပါသည်။ ဆယ်လူလာ ဆက်သွယ်မှုပါရှိသည့် ပထမဆုံး Android Wear OS မောင်းနှင်သော စမတ်နာရီဖြစ်လာ ပါသည်။

စမတ်နာရီသည် 4G , 3G ဆက်သွယ်မှုများကို ထောက်ပံ့ပြီး ဖုန်း၏ ဆယ်လူလာဆက်သွယ်မှု အကူအညီကို ရယူရန် မလိုအပ်ပါ။ LG က ဈေးကွက်ထဲရှိ စမတ်နာရီများထဲတွင် သူ၏ စမတ်နာရီ မျက်နှာပြင်သည် Resolution အမြင့်ဆုံးဖြစ်သည်ဟု ပြောပါသည်။ စမတ်နာရီတွင် ၁.၃၈ လက်မ 480x480p Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၃၄၈ ဖြစ်ပါသည်။ Apple Watch ၏ တစ်လက်မလျှင် Pixel သိပ်သည်းဆ ၃၂၆ ထက်ပိုမိုများပြားပါသည်။

စမတ်နာရီတွင် နှလုံးခုန်နှုန်းကို တိုင်းတာပေးခြင်း၊ စိတ်ဖိစီးမှု အခြေအနေကို တွက်ချက်ပေးခြင်း၊ လေ့ကျင့် ခန်းများကို အကြံပြုပေးခြင်း စသည့် စွမ်းရည်များ ပါရှိပါသည်။ 1.2GHz Snapdragon 400 Processor, 768MB RAM , 4GB Storage ထည့်သွင်းပေးထားပါသည်။ 570mAh Battery က တစ်ခါအားသွင်း ထားလျှင် တစ်ရက်ကျော် အသုံးခံသည်ဟု LG က ပြောပါသည်။

LG Watch Urbane ဒုတိယမျိုးဆက်ကို အမေရိကန်နှင့် တောင်ကိုရီးယားတွင် ပထမဆုံး ရောင်းချ မည် ဖြစ်ပြီး ထို့နောက်တွင် ဥရောပ၊ အာရှနှင့် အရှေ့အလယ်ပိုင်းတွင် ရောင်းချမည် ဖြစ် သည်။ ဈေးနှုန်းနှင့် ရောင်းချမည့် အချိန်ကို မသိရသေးပါ။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com