10/04/2015

iPhone 6S နှင့် 6S Plus တို့ဟာ ရေစိမ်ခံဖုန်းများ ဖြစ်




Apple မှ လက်တလော စတင်ရောင်းချလိုက်တဲ့ အိုင်ဖုန်း အသစ်များ ဖြစ်တဲ့ iPhone 6S နဲ့ 6S Plus တို့ဟာ ရေစိမ်ခံဖုန်းများ ဖြစ်ပါတယ်။ အဲ့ဒီလိုဖုန်း ဖြစ်ကြောင်းကို Zach Straley အမည်ရ ဘလော့ဂါမှ ဗီဒီယိုဖြင့် စမ်းသပ်ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ယင်း Feature ကို Apple မှ မဖော်ပြခဲ့ခြင်းဟာ user တွေကို suprise လုပ်ချင်လို့ပဲလား မသေချာတဲ့ အချက်ဖြစ်လေလို့လား ဆိုတာတော့ မသိပါဘူး။

iPhone 6S နဲ့ 6S Plus တို့ဟာ ရေစိမ်ခံကြောင်းကိုတော့ ရေထဲမှာ နာရီဝက်လောက် စိမ်ပြီးတော့ သိလိုက်ရ ပါတယ်။ ရေအပြည့်ဖြည့်ထားတဲ့ ခွက် နှစ်ခွက်ထဲမှာ အတူတူ ထည့်လိုက်ပြီးတော့ ဟိုလှည့်ဒီလှည့်လုပ်ပါတယ်။ ပြီးတော့ မိနစ်အနည်းငယ်ကြာတိုင်း ပြန်ထုတ်ပြီး အလုပ် လုပ်လား မလုပ်လားကိုလည်း သိအောင် စမ်းပါတယ်။ ပထမ ၁၆ မိနစ်မှာ ဖုန်းတွေဟာ ဘာဆိုဘာမှ မဖြစ်ပါ။ သူ့ရဲ့ အားသွင်းတဲ့ အပေါက်နဲ့ နားကြပ် အပေါက်တွေဆိုရင်လည်း အဖွင့်အတိုင်းထားထားတာပါ။ ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး။ ယင်း အချက်ကို ကြည့်ခြင်းဖြင့် အိုင်ဖုန်း 6S နဲ့ 6S Plus တို့ကို အားသွင်းပေါက်၊ နားကြပ်ပေါက်နဲ့ စပီကာ ပေါက်တို့ကနေ ရေမဝင်အောင်လည်း သေချာ စီမံထားပြီးသား ဖြစ်ပါတယ်။

ဒါကြောင့်မို့ အိမ်သာထဲမှာ အသုံးပြုနေတုန်း ရေထဲ ကျသွားရင်တောင် ဖုန်းဟာ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ ယင်းနဲ့ ပက်သက်လို့ သက်သေပြထားတဲ့ ဗီဒီယိုကို

https://youtu.be/t_HbztTpL08
မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

Credit - အောင်ခမ်း (MMA)


အဆင်ပြေပါစေ..






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download