သင့်ရဲ့ Android Device မှာ နေ့စဉ်လူနေမှုဘ၀အတွက်၊ အလုပ်ကိစ္စအတွက်၊
ကျောင်းစာများအတွက် အသုံးဝင်တဲ့ Apps များစွာကို ထည့်သွင်းထားကြမှာပါ။
တစ်ခါတစ်လေမှာတော့ အဲဒီ အသုံးဝင်တဲ့ Apps များဟာ သင့်ကို
အနှောင့်အယှက်ဖြစ်စေတတ်ပါတယ်။ ကျောင်းစာကြည့်နေချိန်မှာ မသက်ဆိုင်တဲ့ Apps
များမှ Notifications များ တက်လာတဲ့ အခါမျိုးမှာ စာကြည့်တာကို
အာရုံပျက်စေမှာ ဖြစ်ပါတယ်။ အဲဒီ Apps များကို ခဏတာ ပိတ်ထားနိုင်ရင်
အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဒီလို ပိတ်ပေးနိုင်တာက ClearLock ဆိုတဲ့ Android
App ဖြစ်ပါတယ်။
ClearLock ကို အင်စတောလုပ်ပြီးရင်ဖွင့်ပါ။ သူ့ရဲ့ Home Screen မှာ Apps အချို့ကို Default အားဖြင့် Block ပြုလုပ်ဖို့ ရွေးချယ်ပေးထားပါတယ်။ အဲဒီအထဲမှာ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ Browsers, Messengers, Social Media စတာတွေ ပါရှိပါတယ်။ Block လုပ်ချင်တဲ့ Apps များကို အမှန်ခြစ်ပေးပြီး Block မလုပ်ချင်တဲ့ Apps များကို အမှန်ခြစ် ဖြုတ်ပါ။ ပြီးရင်တော့ အောက်ခြေမှ လိမ္မော်ရောင် ခလုတ်ကို နှိပ်ပါ။

အဲဒီနောက်မှာ Apps များကို Block လုပ်မယ့် အချိန်ကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ Default အားဖြင့် တစ်နာရီ သတ်မှတ်ပေးထားပါတယ်။ အနည်းဆုံး ဆယ်မိနစ်ကနေ အများဆုံး သုံးနာရီကို ရွေးချယ်နိုင်ပါတယ်။ အချိန်ကို ချိန်ညှိဖို့ Slider Bar ကို ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲပေးပါ။ ပြီးရင် Block apps ခလုတ်ကို နှိပ်ပါ။

နောက်အဆင့်မှာတော့ သင်ဟာ အဲဒီ Apps များကို အမှန်တကယ် Block မလားလို့ မေးမှာပါ။ နောက်ပြီး သတ်မှတ်ထားတဲ့ အချိန်မတိုင်မီမှာ အဲဒါတွေကို အသုံးပြုလို့မရဘဲ Device ကို Restart လုပ်မှသာ ပြန်လည် အသုံးပြုလို့ရမယ်လို့ သတိပေးစာကို ပြသပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ကြိမ် ဒီသတိပေးမှုကို မဖတ်ချင်ရင် Don’t ask again မှာ အမှန်ခြစ်ပေးပြီး I’m sure. ကို နှိပ်ပါ။

နောက်အဆင့်မှာ Apps များကို Block ပြီးပြီဖြစ်ကြောင်း အသိပေးစာ ပေါ်လာမှာ ဖြစ်ပါတယ်။ နောက်ပြီး ပြန်လည် အသုံးပြုလို့ရမယ့် အချိန်ကိုလည်း ပြသပေးထားပါတယ်။

ClearLock ဟာ Games, Social Media, Messenger များကို အလွန်အကျွံ အသုံးပြုသူများအတွက် တင်းကျပ်တဲ့ စည်းကမ်းနဲ့ ထိန်းချုပ်ပေးနိုင်တဲ့အတွက် ကျောင်းသားများအတွက်သာမက အလုပ်လုပ်နေသူများအတွက်ပါ အသုံးဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။ Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
https://goo.gl/UWneqR
Credit to ==> Myanmar Digital Life Journal