12/17/2015

♪ Xiaomi ချစ်သူများအတွက် အကောင်းစားဟန်းဆက်သစ်တစ်မျိုး“Xiaomi Mi Note Pro” ♫


ဟန်းဆက်ကောင်းတစ်ခုဟာအသုံးပြုသူပေါ်မူတည်၍ ကိစ္စအ၀၀ကို များစွာ ထောက်ပံ့ပေးနိုင်ပါတယ်။ ထိုဟန်းဆက်ကောင်းကြောင့်ပဲလုပ်ငန်းကိစ္စများ အဆင်ပြေ၍ စိတ်ချမ်းသာရသလိုထိုဟန်းဆက်ကြောင့်ပင် စိတ်အနှောင့် အယှက် ဖြစ်ခြင်းမျိုးကြုံရနိုင်ပါတယ်။ မည်သို့ပင်ဖြစ်ပါစေ လူအများစု ကတော့ ဟန်းဆက်ကောင်းများကိုဆက်လက် ရွေးချယ်အသုံးပြု နေကြပါ လိမ့်မယ်။

ဟန်းဆက်အသစ်များကတော့ ဈေးကွက်ထဲတွင် လစဉ်လတိုင်း ထွက်ရှိနေပါတယ်။ အခုနောက်ပိုင်းတွင် လူကြိုက်များလာသည့် တံဆိပ် တစ်ခုကတော့ Xiaomiဖြစ်ပါတယ်။ Xiaomiရဲ့အကောင်းဆုံးနဲ့ နောက်ဆုံးပေါ် ဟန်းဆက်တစ်မျိုးကတော့ Mi Note Pro ပါ။ Mi Note Pro ဟာ ၂၀၁၅ ခုနှစ်၊ ၅ လပိုင်းကမှထွက်ရှိထားခြင်းဖြစ်ပါတယ်။ Note ဆိုသည့်စကားလုံးနှင့် အညီ မျက်နှာပြင်နှင့်အရွယ်အစားပမာဏဟာကျယ်ပြန့်ပါတယ်။

ကိုင်ဆောင် သုံးစွဲသည့် အခါတွင် ထင်ပေါ်နေစေပါလိမ့်မယ်။ ဖုန်းရဲ့ဒီဇိုင်းနဲ့ပတ်သက်၍ ဘေးဘောင်များထူးခြားပါတယ်။ ဘေးဘောင်သည် အမှတ်တမဲ့ ကြည့်ပါက ပါးလွှာနေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဖုန်းအနောက်ဘက် ကာဗာ ဟာဘေးဘောင် နေရာများတွင် ၀ိုက်ဆင်းသွားသောကြောင့်ဖြစ်ပါတယ်။ ဖုန်းရဲ့စပီကာကိုအောက်ဘက်ဘေးဘောင်တွင် တပ်ဆင်ပေးထားပါတယ်။ စပီကာရဲ့ဘေးမှာတော့ Port ကိုနေရာချထားပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက် ကင်မရာနှင့် Flash Light ဟာအနောက်ဘေးဘက် ထောင့်မှာတည်ရှိပါတယ်။

Xiaomi ဟာသူ့ရဲ့ တံဆိပ်ကိုဖုန်းရဲ့အနောက်ဘက်မှာရောအရှေ့ဘက် အပေါ်ခြမ်းမှာပါဖော်ပြထားပါတယ်။ အဖြူရောင်ဖုန်းရဲ့ အနားသတ်ဘောင် ကတော့ ရွှေရောင်ဖြစ်ပါတယ်။ 155.1 × 77.6 × 7mm အရွယ်အစားနှင့် 161gအလေးချိန်ရှိပါတယ်။ Gorilla Glass 3 ဖြင့်တည်ဆောက်ထားတဲ့ဖုန်းပါ။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်ပါမယ်။ 5.7inches မျက်နှာပြင် အကျယ်အ၀န်းကို 1440 × 2560 pixels ပမာဏဖြင့် ဖွဲ့စည်းထားပါတယ်။ ၁ လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 515ppi ပါ။ အဓိက ကင်မရာ သည် 13MP စွမ်းရည်ရှိပါမယ်။ Flash ဟာDual LED (Dual tone) အမျိုးအစားပါ။

 ရှေ့ကင်မရာငယ်ကတော့ 4MP (1/3' sensor size, 2umpixel size) ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏကိုတစ်ခါတည်းနဲ့ အပြည့် အ၀ ဖန်တီးပေးထားပါတယ်။ 64GBထည့်သွင်းပေးထားပါတယ်။ CPU ကတော့ Quad-Core 2GHz စွမ်းရည်ရှိပါတယ်။ Chipset အမျိုးအစား ကတော့ Qualcomm Snapdragon 810 ပါ။ Lollipop Version ကိုသုံးစွဲလို့ ရပါမယ်။ ဘက်ထရီကတော့ Li-Ion 3000mAh ဖြစ်ပြီး မြန်ဆန်စွာအားသွင်း နိုင်တဲ့စနစ်လည်းပါရှိပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Q.C 1.5GHz & Q.C 2GHz
Screen - 5.7 inches
Camera - 13 MP
Bluetooth - v4.1
Storage - 64 GB
OS - Android OS,v5.0.1
Contact - 01-224502
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com