12/22/2015

♪ Nexus 6P Special Edition ကို အိန္ဒိယတွင် ရောင်းမည် ♫


Huawei က ရွှေရောင် Nexus 6P စမတ်ဖုန်းကို အိန္ဒိယတွင် Nexus 6P Special Edition အမည်ဖြင့် ရောင်းချမည်ဟု အတည်ပြုပါသည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အိန္ဒိယရှိ Flipkart အရောင်းဆိုင်မှ ရောင်းချမည် ဖြစ်သည်။

“ံHuawei Nexus 6P ကို အိန္ဒိယ လူမျိုးတွေ အလွန် အားပေးကြပါတယ်။ ဒီဖုန်းကို ငွေကြေးအဆင်ပြေတဲ့ လူတန်းစားအတွက် ထုတ်လုပ်ပေးထားတာကို သတိပြုပါ။ ရွှေရောင် Special Edition ကိုလည်း မိတ်ဆက်လိုက်ပါပြီ။ “ ဟု Huawei India Consumer Device Business Group မှ ဥက္ကဌဖြစ်သူ Allen Wang က ပြောပါသည်။

Huawei Nexus 6P ကို ဂျပန်တွင် မကြာမီက ရောင်းချခဲ့ပြီး အိန္ဒိယတွင် 64GB Version ကို ရောင်းချမည်ဖြစ်သည်။ အိန္ဒိယရူပီး ၄၃ ၉၉၉ ( ဒေါ်လာ ၆၆၅) တန်ကြေးရှိပြီး မူလ 64GB Nexus 6P ထက် ၁၅ ဒေါ်လာ များပြားပါသည်။

Huawei Nexus 6P ၏ Specification များကို ပြန်လည်ဖော်ပြရလျှင် ၅.၇ လက်မ 1440x2560p Display တပ်ဆင်ထားပါသည်။ Quad-core 1.55 GHz Cortex-A53 & Quad-core 2.0 GHz Cortex-A57 တို့ တပ်ဆင်ထားသော Octa-Core Qualcomm Snapdragon 810 Chipset မောင်းနှင်မည်ဖြစ်သည်။ 32/64/128GB Storage , 3GB RAM , 12.3MP Rear Camera, 8MP Front Camera , 3450mAh Battery တို့ထည့်သွင်းထားပါသည်။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com