12/24/2015

♪ လုပ်ဆောင်ချက်များအဆင့်မြင့်ပြီး ဈေးနှုန်းချိုသာသော - “Huawei Y6” ♫


Huawei Y6 သည် ရိုးရှင်းသောဒီဇိုင်းဖြင့် တည်ဆောက်ထားသော်လည်း ပါဝင်သော လုပ်ဆောင်ချက် များမှာအဆင့် မြင့်လှသည်။ အလင်းဝင်ပေါက် F2.0 နှင့် 5µm sensor pixels ပါဝင်သော စိတ်ကျေနပ်ဖွယ် ကင်မရာ တပ်ဆင်ပေးထားပါတယ်။ ဘ၀၏အမှတ်ရဖွယ်ပုံရိပ်များကို အမိအရ မှတ်တမ်းတင်နိုင်မည့် အနောက်ဘက်ကင်မရာသည် 8MP စွမ်းရည်ရှိပြီး အရှေ့ဘက် ကင်မရာငယ်မှာ 2MP စွမ်းရည်ဖြစ်ပါသည်။ ရိုးရှင်းပြီး လက်တစ်ဖက် တည်းနှင့် အသုံးပြုရလွယ်ကူအောင် ကျစ်လျစ်စွာတည် ဆောက် ထားသောဒီဇိုင်းပုံစံရှိသည့်ဖုန်းပါ။

ကြည်လင်ပြတ်သားပြီး ကောင်းမွန်သောအတွေ့အကြုံကိုပေးစွမ်းနိုင်မည့် LCD မျက်နှာပြင်ပါရှိပြီး ဖုန်းမျက်နှာပြင်အကျယ်အ၀န်းသည် 5inches ဖြစ်ပါတယ်။ ထောက်ပံ့ ပေးထားသောနောက်ဆုံးပေါ် Android Version ကတော့ 5.1 ပါ။ EMUI 3.1 ကိုအသုံးပြုနိုင်ပါမယ်။ ၁.၅ ဆ ကြည်လင် ပြတ်သားသော အသံကို ရရှိစေမယ့် နစ်မြုပ် ထားသော Speaker များပါရှိပါတယ်။

သုံးစွဲသူများ အနေဖြင့် မိမိတို့ဘ၀တစ်လျှောက် အမှတ်တရများ ထင်ကျန်ရစ် စေခြင်းသည် အရေးကြီး သည်ကို Huawei မှ သိရှိသည့်အလျောက် Huawei Y6 တွင် ထူးခြားသော ကင်မရာလုပ်ဆောင်ချက်များ ကိုထည့်သွင်းပေးထား သည်။ Selfie (သို့) Groufies ရိုက်လျှင် Huawei မူပိုင် ''Smart Preview Window" ကို ကြည့်ခြင်းဖြင့် မျက်စိစောင်းသွားခြင်းများ ဖြစ်ပေါ်စေခြင်း မရှိဘဲ ပြီးပြည့်စုံသောဓာတ်ပုံကိုရရှိ မည်ဖြစ်ပါသည်။ Huawei Y6 သည် ပါးလွှာပြီးကျစ် လျစ်သောဒီဇိုင်းဖြစ်သောကြောင့် လက်တစ်ဖက် တည်းနှင့် အဆင်ပြေစွာအသုံးပြုနိုင်မည်ဖြစ်ပါသည်။

ပါးလွှာသောဖုန်းကိုယ်ထည်က သုံးစွဲသူများလွယ်ကူစွာအသုံးပြုနိုင်စေခြင်းနှင့် အရှေ့နှင့်အနောက် မျက်နှာပြင်တွင် 3D micro-pattern ဒီဇိုင်းကိုထည့်သွင်းပေးထား သောကြောင့် သုံးစွဲသူများအနေဖြင့် အကြိုက်တွေ့စေပါမည်။

<Specification>
Network - GSM / WCDMA
Screen - 5 inches
CPU - Qualcomm MSM8909
OS - Android OS,v5.1
Memory - 8GB
Bluetooth - Yes
Contact - 09-259909991
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com