12/23/2015

♪ တရားမဝင်တင်သွင်းသည့် ဟွာဝေးဟန်းဆက်များ တာဝန်ယူမည်မဟုတ်ကြောင်း ဟွာဝေးမြန်မာရုံးခွဲ သတင်းထုတ်ပြန် ♫


 ပြည်တွင်းတွင် တရား မဝင်တင်သွင်းရောင်းချနေသည့် Huawei အမျိုးအစားဟန်းဆက် များကို  ဈေးကွက်အတွင်း တွေ့ရှိ နေရပြီး  ယင်းဟန်းဆက်များကို Huawei Service Center များ၌ ဝန်ဆောင်မှုပေးမည်မဟုတ် ကြောင်း သတင်းထုတ်ပြန်သည်။

ဈေးကွက်တွင်း၌ Huawei အမှတ်တံဆိပ် Honor 4A, Honor5X, Honor 4C, Honor 7, Honor7i နှင့် Honor Enjoy 5S အမျိုး အစားများသည် တရားမဝင်တင် သွင်းရောင်းချမှုများရှိနေပြီး ယင်း ဟန်းဆက်များ၏ အရည်အသွေး နှင့်ပတ်သက်၍ ပြဿနာပေါ် ပေါက်လာပါက ဝယ်ယူခဲ့သည့် ဆိုင်များတွင်သာ ဆက်သွယ်ကြ ရန် Huawei မြန်မာရုံးခွဲက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

‘‘အခုလို ဈေးကွက်ထဲ ရောက်ရှိနေတဲ့ တရားမဝင်ဟန်း ဆက်တွေကို ကျွန်တော်တို့အနေ နဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီးတား ဆီးသွားမှာ ဖြစ်ပါတယ်။ Huawei သုံးစွဲသူတွေအနေနဲ့ နစ်နာမှုတွေ မဖြစ်ပွားရအောင် ကျွန်တော်တို့ အခုလို ထုတ်ပြန်ကြေညာတာဖြစ် ပါတယ်’’ဟု Huawei မြန်မာရုံးခွဲ မှ ဝန်ဆောင်မှုမန်နေဂျာ မစ္စတာ Cloudy Jiang က ပြောသည်။

၂၀၁၅ အတွင်း Huawei မြန်မာရုံးခွဲသည် Mate 7, P7, P8, P8 Lite, P8 Premium, G620s, G7, G629, G7 Plus, G Play, G Play Mini, Y 625,Y635, Y 336, Y 541, Y6, Honor4X, Honor Holly, Honor 6Plus, Honor 6, C8817D နှင့် C8816Dစသည့် ဟန်းဆက်အမျိုးအစား များကို တရားဝင်တင်သွင်းဖြန့်ချိ ထားသည်။

Huawei Service Center များမှ တရားဝင်တင်သွင်းထား သည့် ဟန်းဆက်များကိုသာ အာ မခံချက်အတိုင်း ဝန်ဆောင်မှုပေး ပြီး တရားမဝင်ဟန်းဆက်များ တစ်နှစ်အာမခံ အခမဲ့ပြုပြင်ပေး သော ဝန်ဆောင်မှုရရှိမည်မဟုတ် ကြောင်း အဆိုပါသတင်းထုတ်ပြန် ချက်တွင် ပါရှိသည်။

Huawei က တရားဝင်တင် သွင်းထားသော ဟန်းဆက်များ သည် ဘူးခွံပေါ်တွင် တရုတ်စာလုံးများ မပါဝင်ခြင်း၊ အာမခံသတ် တမ်းကို စစ်ဆေးနိုင်ခြင်း၊ Warr-anty Logo ပါဝင်ခြင်း၊ ဘူးခွံပေါ်ရှိ IMEI/SN/MEID စသည့် နံပါတ် များသည် ဟန်းဆက်၌ပါရှိသည့် နံပါတ်များနှင့်တူညီခြင်း၊ တရား ဝင်အာမခံကတ်ပြားပါရှိခြင်းတို့ ဖြစ်ကြောင်း ကြေညာထားသည်။

Huawei Service Center များကို ရန်ကုန်၊ မန္တလေး၊ နေ ပြည်တော်၊ မော်လမြိုင်၊ မြစ်ကြီး နား၊ မူဆယ်၊ ပြည် စသည့်မြို့ များတွင် ဖွင့်လှစ်ထားပြီး Service Center မရှိသည့် မြို့များအတွက် Collection Point ထားရှိပေးကာ နီးစပ်ရာမြို့များရှိ Service Centerများသို့ ပို့ဆောင်ပြုပြင်ပေးရသည် ဟု ဆိုသည်။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com