12/23/2015

♪ Apple နှင့် Samsung တို့က တရုတ်တွင် မိုဘိုင်းဖုန်းမှ ငွေပေးချေသည့် ၀န်ဆောင်မှုကို ပြုလုပ်မည် ♫


စမတ်ဖုန်းထုတ်လုပ်သူ Apple နှင့် Samsung တို့က ၂၀၁၆ တွင် တရုတ် မိုဘိုင်းဖုန်းမှ ငွေပေးချေသည့် ၀န်ဆောင်မှုကို ဖြန့်ချီမည်ဟု ကြေညာပါသည်။ ကုမ္ပဏီနှစ်ခုစလုံးက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကြေညာ လိုက်ခြင်းဖြစ်ပြီး Apple Pay နှင့် Samsung Pay တို့ကို ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံတွင် အသုံးပြုခွင့်ပေး မည်ဖြစ်သည်။

ထိုဝန်ဆောင်မှုကို ပြုလုပ်ရန် ကုမ္ပဏီနှစ်ခုက တရုတ်ရှိ China UnionPay နှင့် သဘောတူညီ ထားကြပါသည်။ China UnionPay အသုံးပြုသူများက Apple Pay နှင့် Samsung Pay ကို အသုံးပြုနိုင် မည်ဖြစ်သည်။ UnionPay သည် တရုတ်တွင် Point-of-Sale Payment Terminals ပေါင်း ငါးသန်း တပ်ဆင်ထားသည်ဟု သိရပါသည်။ Apple iPhones များနှင့် iPhone 6 နှင့်အထက် Samsung Phones များတွင် အဆိုပါ ၀န်ဆောင်မှုများကို အသုံးပြုနိုင်မည်ဖြစ်သည်။

တရုတ်ရှိ မိုဘိုင်းဖုန်းမှ ငွေပေးချေမှုဝန်ဆောင်မှုကို Alibaba ၏ Alipay က စိုးမိုးထားပြီး ၂၀၁၄ ခုနှစ်စာရင်းအရ Alipay သည် ဈေးကွက်၏ ၈၀ ရာခိုင်နှုန်းကို အုပ်စိုးထားသည်ဟု သိရပါသည်။ Alipay က PayPal အသုံးပြုသူအရေအတွက်၏ နှစ်ဆကျော်သော ဖောက်သည် သန်း ၄၀၀ ရှိသည်ဟု ပြောပါသည်။ Alipay ကို တရုတ်မြို့ကြီးများရှိ အရောင်းဆိုင်များ၊ အငှားယာဉ်များနှင့် ဘေလ်ပေးဆောင်ခြင်းများ တို့လို နေရာများစွာတွင် အသုံးပြုနေကြပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com