12/28/2015

♪ ဈေးနှုန်းသင့်တင့်မှုရှိတဲ့ - “Meizu M2 note” ♫


Meizu တံဆိပ် ဖုန်းများကိုလည်း ပြည်တွင်းမှာ ၀ယ်ယူရရှိနိုင်ပြီး ဈေးနှုန်း တန်ဖိုးအားဖြင့်လည်း အစားစား ရှိပါတယ်။ အမြင့်ဆုံးဖုန်းရဲ့ တန်ဖိုးကတော့ လေးငါးသိန်းဝန်းကျင်ရှိပြီး ယခုဖုန်းကတော့ တစ်သိန်း ခုနှစ်သောင်း ၀န်းကျင် ရှိပါတယ်။ M2 တွင် M2 note နှင့် ရိုးရိုး M2 ဆိုပြီး နှစ်မျိုးရှိပါ တယ်။ M2 ကတော့ 5”မျက်နှာပြင် အကျယ်အ၀န်းရှိကာ Pixels ပမာဏ အနေဖြင့် 720 x 1280 ပါရှိပါတယ်။ m2 note ကတော့ 5.5” မျက်နှာပြင် အကျယ်အ၀န်းရှိပြီး မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ ပေးထားသော Pixels ပမာဏမှာ 1080 x 1920 ဖြစ်ပါတယ်။ 1”မှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆကတော့ 403ppi ပါ။

ဖုန်းနှစ်မျိုးစလုံးသည် ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်ပါတယ်။ ထည့်သွင်းအသုံးပြုရမယ့်ဆင်းကတ် အမျိုးအစား ကတော့ Nano Sim ပါ။ ဖုန်းမျက်နှာပြင်အတွက် m2 note တွင် IGZO capacitive touch screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့ အရွယ် အစား ပမာဏကတော့ 150.9 x 75.2 x 8.7mm ဖြစ်ကာ အလေးချိန်သည် 149g ရှိပါတယ်။ Multitouch စနစ်တွင် Flyme 4.5 ကိုသုံးစွဲနိုင်ပါမယ်။ ဖုန်းမျက်နှာပြင် ကာကွယ်မှုအပိုင်းနှင့်ပတ်သက်၍တော့ အတိအကျကြေညာထားခြင်းမျိုးမရှိပါဘူး။

ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားကာ အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ် ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းတွင် RAM ကို 2GB ထည့်သွင်းပေးထားပြီး Internal storage တွင် 16 နှင့် 32GB ဆိုပြီး နှစ်မျိုးနှစ်စားရှိပါမယ်။ အချက် အလက်အများအပြား သိမ်းဆည်ချင်သူများအတွက်လည်း မှတ်ဥာဏ်ပမာဏ ကို ချဲ့ထွင် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေး ထားပါတယ်။ 128GB အထိ ချဲ့ထွင် သုံးစွဲလို့ရပါမယ်။ Android Version Lollipop ကိုသုံးစွဲနိုင်ပါမယ်။ အားသွင်း အသုံးပြုရမယ့် Battery အမျိုးအစားကတော့ 3100mAh ဖြစ်ပါတယ်။ အရောင်လေးမျိုးနဲ့လည်း ထုတ်လုပ်ပေးထားပါသေးတယ်။

<Specification>
Network - GSM/ HSPA/ LTE
Screen - 5.5 inches
Memory - up to 128 GB
Bluetooth - v4.0
CPU - Octa core 1.3 GHz
OS - Android OS, v5.0
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com