12/30/2015

♪ Facebook Local Awareness Ads ကို အသုံးပြု၍ ပြည်တွင်းမှ Customer များကို Target ထားနည်း ♫


သင့်ရဲ့ပြည်တွင်း စီးပွားရေးလုပ်ငန်းအတွက် Facebook အသုံးပြုနေတဲ့ ပြည်တွင်းမှ လူများကို ဖောက်သည်အဖြစ် စွဲဆောင်ချင်ရင်တော့ Local Awareness Ads ကို အသုံးပြုနိုင်ပါတယ်။ Local Awareness Ad Campaigns များဟာ ပြုလုပ်ရတာလွယ်ကူပြီး သင့်စီးပွားရေးလုပ်ငန်း၊ သင့် အရောင်းဆိုင် တည်နေရာနဲ့ နီးကပ်တဲ့ Facebook User များကို Target ထားပြီး ကြော်ညာပေးနိုင်ပါတယ်။

Local Awareness Ads ရဲ့ အကျိုးကျေးဇူး။
-----------------------------------------------
Local Awareness Ads ဟာ သင့် အရောင်းဆိုင်တည်ရှိတဲ့ မြို့များမှ လူများ သင့်အရောင်းဆိုင် တံခါးဝရောက်လာအောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ အဲဒီအတွက် သာမာန်အတိုင်း ပို့စ်များကို Boost လုပ်တဲ့နည်းထက် အကျိုးကျေးဇူးများပါတယ်။

ကြော်ညာမှာ သင့်အရောင်းဆိုင်ရဲ့ တည်နေရာကို လမ်းညွှန်မှုများပါ ထည့်သွင်းနိုင်ပါတယ်။ ဒါမှမဟုတ် သင့်အရောင်းဆိုင်ရဲ့ ဖုန်းနံပါတ်ကို ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် ဖောက်သည်များက သင့်ထံ Message ပို့ဖို့အတွက်လည်း ပြုလုပ်နိုင်ပါတယ်။

အကောင်းဆုံးအချက်က အရောင်းဆိုင်များစွာအတွက် Campaign များပြုလုပ်ခြင်းဖြင့် ဖောက်သည် အများဆုံးလာတဲ့ အရောင်းဆိုင်ကို သိရှိနိုင်တာဖြစ်ပါတယ်။


1. Local Awareness Ads ကို ဖန်တီးခြင်း။
---------------------------------------------------
Local Awareness Ads ကို Ads Manager ကနေ ဖန်တီးနိုင်ပေမယ့်လည်း Audience Targeting ပါ ပြုလုပ်နိုင်တဲ့ Power Editor ကနေ ဖန်တီးသင့်ပါတယ်။ Facebook Ads Manager ကို သွားပြီး ထိပ်မှ Power Editor ကို နှိပ်ပါ။

Power Editor ထဲရောက်ရင် Create Campaign ကို နှိပ်ပါ။ Objective မှာ Local Awareness ကို ရွေးပေးပါ။

အဲဒီမှာ သင် အရောင်းမြှင့်တင်ချင်တဲ့ အရောင်းဆိုင်တည်နေရာကို ထည့်ပေးပါ။ Local Awareness Ads Campaign တစ်ခုမှာ တည်နေရာတစ်ခုကိုသာ ထည့်သွင်းသင့်ပါတယ်။ ဒါမှသာ အရောင်းဆိုင်အလိုက် Campaign ရဲ့ စွမ်းရည်ကို ကွဲပြားစွာတွေ့နိုင်မှာပါ။




2. Ad Target ကို သတ်မှတ်ပါ။
--------------------------------------
Facebook မှာသင့်ရဲ့ ကြော်ညာကို ဘယ်သူတွေကို တွေ့မြင်စေချင်သလဲဆိုတာကို သတ်မှတ်ဖို့ သင့် Ad Set ရဲ့ Audience ကဏ္ဍမှာ ပြုလုပ်ပါ။ Parameters နှစ်ခုကို အဓိက သတ်မှတ်ရမှာပါ။ တည်နေရာနဲ့ Custom Audience ဖြစ်ပါတယ်။

အခုပြုလုပ်ထားတဲ့ Ad Set ဟာ Aventura, Florida မှ Facebook အသုံးပြုသူအားလုံးကို ပစ်မှတ်ထားတာပါ။ သင့်ဟာ အင်္ကျီအရောင်းဆိုင်ဖွင့်လှစ်ထားရင် အဲဒီမြို့မှ အင်္ကျီအ၀တ်အစားများကို ၀ယ်ယူလေ့ရှိသူများကို ပစ်မှတ်ထားနိုင်ပါတယ်။ ဒါကို Behavior Targeting လို့ခေါ်ပါတယ်။
Facebook မှာ Target များစွာကို သတ်မှတ်နိုင်တဲ့ နည်းလမ်းများစွာရှိပါတယ်။ ဒါပေမယ့်တစ်ခုချင်းစီအတွက် Ad Set တစ်ခုစီဖန်တီးမှသာ တစ်ခုချင်းစီရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်မှာပါ။ ဥပမာအားဖြင့် သင့်ရဲ့ မြေပြင်အရောင်းဆိုင်ရော၊ အွန်လိုင်းအရောင်းဆိုင်ကိုပါ ပစ်မှတ်ထားချင်ရင် မတူညီတဲ့ Ad Set နှစ်ခုကို ဖန်တီးရမှာပါ။


3. သင့်ရဲ့ Ads ကို ဒီဇိုင်းလုပ်ပါ။
--------------------------------------
Local Awareness Ads ကို အထိရောက်ဆုံးဖြစ်စေဖို့ သင့်ရဲ့ ကြော်ညာမှာ စွဲဆောင်ရမှာပါ။ ပထမဆုံး Text Box မှာ Promotion ကို ဖော်ပြပေးရမှာဖြစ်ပြီး စွဲဆောင်မှုရှိတဲ့ စာသားများကို ရေးပေးပါ။ နောက်ပြီး Call to Action Button ထည့်သွင်းပေးပါ။ Call to Action မှာတော့ သင့်ဆိုင်ရဲ့ တည်နေရာကို လမ်းညွှန်ခြင်း၊ သင့်ဆိုင်ရဲ့ ဖုန်းနံပါတ် ပေးခြင်း ၊ သင့်ထံ စာပို့ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။

နောက်အဆင့်မှာ သင့်ကြော်ညာနဲ့ ကိုက်ညီတဲ့ ဓါတ်ပုံကို ထည့်သွင်းပေးပါ။ သင်ဟာ စားသောက်ဆိုင်ပိုင်ရှင်ဆိုရင် စားချင်စဖွယ်ပြင်ဆင်ထားတဲ့ အစားအသောက် ဓါတ်ပုံများကို ထည့်ပေးပါ။ မြေပြင်အရောင်းဆိုင်အတွက်ဆိုရင်တော့ အောက်ကပုံမှာလို ပြသထားသင့်ပါတယ်။

နောက်ဆုံးမှာတော့ Description မှာ ဖောက်သည်တွေကို စွဲဆောင်နိုင်မယ့် စာသားကို ရေးပေးပါ။


4. တည်နေရာအလိုက် Campaign များရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာပါ။
---------------------------------------------------------------------------------
သင့်မှာ မြေပြင်အရောင်းဆိုင်များစွာရှိရင် တည်နေရာတစ်ခုစီအတွက် Local Awareness Ads များပြုလုပ်နိုင်ပြီး ဖောက်သည်များအကြိုက်ဆုံး ဆိုင်ကို သိရှိနိုင်ပါတယ်။

ဒုတိယအရောင်းဆိုင်အတွက် Local Awareness Ads တစ်ခုပြုလုပ်ဖို့အတွက် ပထမဆုံး ပြုလုပ်ထားတဲ့ Local Awareness Ads ကို Duplicate လုပ်နိုင်ပါတယ်။


ဒုတိယ Campaign ကို တည်နေရာအပေါ်မူတည်ပြီး အမည်ပေးပါ။ အောက်ပါ ဥပမာမှာတော့ အမည်ကို Boston လို့ ပြောင်းထားပါတယ်။

ဒုတိယ Ad Set မှာ တည်နေရာကို Boston အဖြစ် ပြောင်းလဲပေးရပါမယ်။ ပြီးရင်တော့ Campaign ကို စတင်နိုင်ပါပြီ။



သင့်အရောင်းဆိုင်များရဲ့ တည်နေရာကို ဆိုင်ပြင်ပမှ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို ကြော်ညာမှာ ထည့်သွင်းအသုံးပြုတာကလည်း ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။


Local Awareness Ads များဟာသင့်ရဲ့ ဒေသတွင်း၊ မြို့တွင်းမှ Facebook Users များကို သင့်ဆိုင်ရှေ့ အရောက် ရောက်ရှိလာစေဖို့ စွဲဆောင်နိုင်ပါတယ်။ ဒါ့အပြင် လူကြိုက်များတဲ့ အရောင်းဆိုင်များကိုလည်း တိုင်းတာသိရှိနိုင်ပါတယ်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com