12/31/2015

♪ “Lenovo Vibe Shot” ♫


စမတ်ဖုန်းအသုံးပြုသူများသည်ကွဲပြားသောရည်ရွယ်ချက်များရှိပါတယ်။ ဒါကြောင့်လည်းမိမိတို့၏ရည်ရွယ်ချက်ပေါ်မူတည်၍အသုံးဝင်သည့်ဖုန်းအမျိုးအစားများကိုသာ ရွေးချယ်ဝယ် ယူကြပါတယ်။အချို့သောသူတွေက အသံ ကြည်လင်သည့်၊လိုင်းဆွဲအားကောင်းမွန်သည့်ဟန်းဆက်များကိုရွေးချယ် ကြပြီးအချို့တွေကတော့ဖုန်းကိုယ်ထည်ပါးလျသည့်အမျိုးအစားကိုသာဝယ်ယူကြပါတယ်။ ရေစိုခံသည့်ဖုန်းများ ကိုအသုံးပြုသည့်စားသုံးသူများလည်း ရှိပါတယ်။စမတ်ဖုန်းကိုင်ဆောင်ပြီးဓာတ်ပုံရိုက်ကူးခြင်းကိုခုံမင်သူများအနေ ဖြင့်ကင်မရာ စွမ်းရည်ကောင်းသော ဖုန်းများကိုဝယ်ယူကြပါတယ်။သက်ဆိုင် ရာကုမ္ပဏီများသည်လည်းသူတို့၏စမတ်ဖုန်းများတွင်ကင်မရာအရည်အသွေးများကောင်းမွန်အောင်ပိုမိုကြိုး စား၍ထုတ်လုပ်ပေးနေကြပါတယ်။နည်းပညာပစ္စည်းများနှင့်ပတ်သက်၍နာမည်ရသော Lenovo ကုမ္ပဏီသည်လည်း ကင်မရာ စွမ်းရည်ကောင်း သောဖုန်းများကိုထုတ်လုပ်ပေးထားခြင်းကြောင့် ဓာတ်ပုံရိုက်ခြင်းကိုခုံမင်သည့်စမတ်ဖုန်းအသုံးပြုသူများအဆင်ပြေစေပါလိမ့်မယ်။ Lenovo Vibe Shotသည် ဈေးနှုန်းတန်ဖိုးအားဖြင့်၃၉၀၀၀၀ိ/-၀န်းကျင် ရှိပါတယ်။အာမခံသက်တမ်း (၁)နှစ်ပေးထားတဲ့စမတဖုန်းပါ။ ဖုန်း၏ စွမ်းဆောင်ရည်ပိုင်းပြည့်ဝကောင်းမွန်မှုအသွင်အပြင်နှင့်ဒီဇိုင်းအဆင့်မြင့် ကင်မရာစသည့်အကြောင်းအရာကိုတစ်ပေါင်းတည်းရရှိနိုင်ရန်အတွက် အကောင်းဆုံး ပေါင်းစပ်ထားသောSmartphone ဖြစ်ပါသည်။
Lenovo ၏VIBE Shot ၏လုပ်နိုင်စွမ်းဖြင့်အမှတ်တရအချိန်တဒင်္ဂများစွာကို မလွတ်တမ်းမှတ်တမ်းတင်ပေးနိုင်မည်ဖြစ်သည်။ဓာတ်ပုံကင်မရာတစ်လုံး ကဲ့သို့တိကျကောင်းမွန် ပြတ်သားသောဓာတ်ပုံများကိုလျှပ်တစ်ပြက်အတွင်း ဖမ်းယူရိုက်ကူးနိုင်မည့်Shutter ခလုတ်ပါဝင်ပါသည်။ဖုန်းတွင်အသင့်တွဲဖက် ပါဝင်သောInfrared auto-focusing (AF) နည်းပညာသည်လည်း ပုံမှန် Smartphone ကင်မရာများတွင်ပါဝင်သောAutofocus များထက်နှစ်ဆ ကောင်းမွန်သောဓာတ်ပုံဖမ်းယူမှုများကိုစွမ်းဆောင်ပေးနိုင်မည်ဖြစ်သလို tri-color LED Flash ဖြင့်သဘာဝနှင့်ထပ်တူကျသောဓာတ်ပုံအရောင်အသွေး ကိုပါရယူပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။ထို့အပြင်အလင်းရောင်နည်းပါးသော နေရာများ၊ညအချိန်များတွင် ရှင်းလင်းသေချာသပ်ရပ်သောဓာတ်ပုံများအား ရိုက်ကူးနိုင်ရန်အတွက်16:9 BSI Sensor အထောက်အပံ့ဖြင့်အရည်အသွေး မြင့်Low-Light ဓာတ်ပုံများရိုက်ကူးနိုင်စွမ်းနှင့်ကင်မရာရိုက်ချိန်တွင် အကြောင်း အမျိုးမျိုးကြောင့်ဖုန်းအားလှုပ်ရှားမိ၍သော်လည်းကောင်း၊ ရိုက်ကူး နေသောအရာမှာရွှေ့လျားလျှင်သော်လည်းကောင်း ဓာတ်ပုံအရည် အသွေးေ၀၀ါးမှုများမရှိစေရန်အတွက်အကောင်းဆုံးစွမ်းဆောင်ပေးမည့် Optical Image Stabilization (OSI) နည်းပညာကိုပါထည့်သွင်းထား ပါသည်။ Screen အားတစ်ချက်နှိပ်လိုက်ရုံဖြင့်ကင်မရာရိုက်ကူးမှုအားAuto Mode နှင့်Professional Mode (၂)မျိုးတွင် ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ပါသည်။
သာမန်ဓာတ်ပုံရိုက်ကူးမှုများအတွက်ဖုန်းတွင်အသင့်ပါသောSmart နည်းပညာများအသုံးပြု၍ရိုက်ကူးနိုင်ရန်"Point & Shoot" လမ်းညွှန်ပါဝင် သောAuto Mode ကို ရွေးချယ်နိုင်သလိုမိမိကိုယ်တိုင်ကင်မရာ၏Aperture, Shutter Speed, ISO Setting နှင့်အခြားနည်းစနစ်များကိုကိုယ်တိုင် ထိန်းချုပ် ၍ရိုက်ကူးနိုင်ရန်အတွက်Professional Mode ကိုရွေးချယ်နိုင်ခြင်း ကြောင့် ဓာတ်ပုံရိုက်ကူးခြင်းဝါသနာပါဝင်သူများအတွက်ပါ ရွေးချယ်နိုင် သောSmartphone ဖြစ်ပါသည်။ထို့အပြင် ကမ္ဘာ့ပထမဦးဆုံးသော Panoramic Selfie ပါဝင်သောSmartphone ဖြစ်တဲ့အတွက်ကြောင့် လူအများ ဖြင့် Groupie ရိုက်ကူးလျှင်အလွယ်တကူရိုက်ကူးနိုင်မည်ဖြစ်ပါ သည်။ဖုန်းစွမ်းဆောင်ရည်အကောင်းဆုံးဖြစ်စေရန်အတွက်Qualcomm Snapdragon 615 processor နှင့်Octa-Core Chipset ကိုအသုံးပြုထား ခြင်းကြောင့်Multi Tasking လုပ်ငန်းများလုပ်ဆောင်ခြင်းများ၊ အရည် အသွေးမြင့်HD Games များအားအထစ်အငေါ့မရှိဆော့ကစားနိုင်ခြင်းများကို ချောချောမွေ့မွေ့လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။3 GB RAM၏ ပေါင်းစပ် ထားမှု၊Internal Storage 32 GB ပါဝင်မှု၊ နောက်ထပ်128 GB အထိတိုးချဲ့ နိုင်သောSD Card Slot ပါဝင်မှုစသည့်အရည်အသွေးများသည်လည်း အကောင်းဆုံးသောစမတ်ဖုန်းအသုံးပြုမှု၏အတွေ့အကြုံကိုပေးစွမ်းနိုင်မည် ဖြစ်ပါသည်။ကင်မရာပိုင်းနှင့် ဖုန်းစွမ်းဆောင်ရည်ပိုင်းသာမကဖုန်း၏ ကိုယ်ထည်နှင့်ဒီဇိုင်းပိုင်းကိုပါအဆင့်မြင့်မားစေရန်ဖုန်း၏ကိုယ်ထည် အား Aluminiumအပြည့်အသုံးပြုထားပြီးမှန်အားအကြမ်းအတမ်းခံသောGorilla Glass အားအသုံးပြုထားပါသည်။
လေးထောင့်ကျသောအသွင်ဒီဇိုင်းရှိပြီးကင်မရာတစ်လုံးကဲ့သို့သော ပုံသဏ္ဌာန်ဖြစ်ပါတယ်။၇ .၆မီလီမီတာသာထူတဲ့VIBE Shot သည်မည်သည့် အိတ်၊အိတ်ကပ်တွင်မဆိုအလွယ်တကူထည့်ယူသွားနိုင်ပါသည်။အလေးချိန်ကတော့145gပါ။Lenovo VIBE Shot သည်Carmine Red နှင့်Graphite Grey အရောင်(၂)မျိုးနှင့်အတူ နေ့စဉ်ဒစ်ဂျစ်တယ်ဘ၀ကိုကောင်းဆုံး မြှင့်တင် ပေးမည်ဖြစ်ပါသည်။SIM Card (၂)ကတ်ထည့်သွင်း အသုံးပြုနိုင် သောDual SIM ဖုန်းအမျိုးအစားဖြစ်ပြီးSIM Slot (၂)ခုလုံးတွင်မည်သည့် GSM/WCDMA SIM Card ကိုမဆိုထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။ 3Gကွန်ရက်အပြင်4G ကွန်ရက်ကိုပါထောက်ပံ့ပေးထားပါသည်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com