12/30/2015

♪ “Samsung Gear VR အား ဒီဇင်ဘာ ၇ ရက်၊ ၂၀၁၅ မှစ၍ ၁၁၅၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်မည်” ♫

http://cdn.mos.techradar.com/art/mobile_phones/Samsung/Gear%20VR%20S6%20hands%20on/Gear%20VR%20S6%20review%20(5)-970-80.JPG

Samsung Gear VR ကို အဖြူရောင်ဖြင့် ဒီဇင်ဘာ ၇ ရက်၊ ၂၀၁၅ မှစ၍ Samsung အရောင်းဆိုင် များတွင် ဈေးနှုန်း ၁၁၅၀၀၀ ကျပ်ဖြင့် ၀ယ်ယူ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။နောက်ဆုံးပေါ် ဖန်တီးထုတ်လုပ် ထားသော Gear VR သည် Galaxy Note 5၊ Galaxy S6 edge+၊ S6 နှင့် S6 edge တို့အပါအ၀င် စမတ်ဖုန်းများနှင့်တွဲဖက်အသုံးပြုနိုင်ပြီး အံ့မခန်း ဖွယ်ရာ အပြင်လောကနှင့်ထပ်တူကျသည့် ပုံရိပ်ခံစားမှုအတွေ့အကြုံအား ရရှိနိုင်ရန် လိုအပ်သည့်အရောင်၊ ကြည်လင်ပြတ်သားမှုနှင့် စွမ်းဆောင်ရည်များ အား ပံ့ပိုးထောက်ပံ့ပေးနိုင်ရန်အတွက် ၄င်းစမတ်ဖုန်းများ၏ Super AMOLED မျက်နှာပြင်အား တစ်ဆင့် ထပ်မံမြှင့်တင်ဆောင်ရွက်ပေးနိုင်သည့် ထုတ် ကုန်ပစ္စည်းတစ်ခုဖြစ်ပါသည်။

Samsung Gear VR သည် ယခင်တီထွင်ဖန်တီးခဲ့သော Gear VR ထက် ၂၂ ရာခိုင်နှုန်း ပိုမိုပေါ့ပါး၍ ၎င်း အားဝတ်ဆင်ရာတွင် ပိုမိုသက်သောင့်သက်သာ ရှိစေရန်အတွက် ရေမြုပ်ကူရှင်အား ထည့်သွင်းပေး ထားပါသည်။ထပ်မံ၍ လည်း ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ ၃၆၀ ဒီဂရီပတ်ပတ်လည် ကြည့်နိုင် သော ဗီဒီယိုများနှင့် Gear VR အတွက် ခံစားမှုအတွေ့အကြုံများအား အခြေခံဖန်တီးထားသော လုပ်ဆောင် ချက်များအား သဘောကျနှစ်ခြိုက်စွာ အသုံးပြုနေစဉ်အတွင်း ပိုမိုကောင်းမွန်သော ထိန်းချုပ်မှုအား ရရှိအသုံးပြုနိုင် ရန်အတွက် ပံ့ပိုးပေးခြင်းဖြင့် Gear VR ၏ touchpad အား အဆင့်မြှင့်တင် ဖန်တီးပေးထားပါသည်။

"Samsung က မိုဘိုင်းအတွေ့အကြုံတွေကို ပိုပြီး ရှေ့တန်းရောက်အောင် သယ်ဆောင်လာခဲ့ပါတယ်။ Gear VR မှာ Oculus နဲ့ မိတ်ဖက်ပြုလုပ်ခဲ့တာကိုလည်း စိတ်လှုပ်ရှားနေမိပါတယ်”ဟု Samsung Electronics IT & Mobile Division ဌာနမှ ဥက္ကဌနှင့် CEO ဖြစ်သူ JK Shin က ပြောသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>