12/31/2015

♪ “ Sony Xperia Z5 Premium “ ♫


Sony ရဲ့ Z5 Premium မှာ အပြောင်မြောက်ဆုံးလက်ရာအဖြစ် 4K Screen ကို ဖန်တီးနိုင်ခဲ့တာ တွေ့ရ ပါတယ်။ စမတ်ဖုန်းတစ်လုံး အတွက် 4K အမျိုးအစား Screen ကို ပထမဆုံးအဖြစ်ပြုလုပ်ခဲ့ပြီး Z5 series တွေ အတွက် အကြီးမားဆုံးဂုဏ်ယူစရာလည်းဖြစ်ပါတယ်။ Z5 series တွေထဲမှာ အရွယ်အစားအကြီးဆုံး Z5 Premium ဟာ Screen အဆင့်မြင့်ရုံသာမကဘဲ ရေစိုဒဏ်ခံနိုင်တဲ့ ဒီဇိုင်း၊ ကင်မရာနဲ့ စွမ်းဆောင်ရည်တွေ ပါဝင်တာမို့ Top-end flagship တွေထဲမှာ နေရာဝင်ယူထားနိုင် တာဖြစ်ပါတယ်။ Z5 Premium ဟာ Nano-SIM အမျိုးအစားဖြစ်ပြီး 4G ကွန်ရက်ထိချိတ်ဆက်နိုင်ပါတယ်။ Fingerprint sensor ကို ကောင်းကောင်းအသုံး ချနိုင်ပြီး အားသွင်းချိန်မြန်ဆန်တာကြောင့် မိနစ် ၃၀ အားသွင်းရုံနဲ့ ၆၀% အားပြန်ဖြည့်ပေးပါတယ်။ ဘက်ထရီ ဟာ ဖြုတ်/တပ်လို့မရတဲ့အမျိုးအစားဖြစ်ပြီး Z5 Premium မှာ IR Blaster control လည်း မပါဝင်တာ တွေ့ရပါတယ်။

* Design & Build *
Z5 range တွေထဲမှာ အကြီးမားဆုံးဖြစ်ပြီး Z5 Premium ဟာ အရင် Z5 ထက် အရွယ်ကြီးမားအောင် ဖန်တီးထားတာဖြစ်ပါတယ်။ တည်ဆောက်ထားတဲ့ဒီဇိုင်းရော စတိုင်တွေကအစ Z5 နဲ့ အတော့်ကိုတူပါတယ်။ Xperia Z5 နဲ့ Z5 compact တို့လိုတော့ Frosted Glass ကို ကျောပြင်မှာမတွေ့ရတော့ဘဲ မှန်တစ်ချပ်လို တောက်ပနေတဲ့ ဖန်သားပြင်မျိုးကို ပြောင်းလဲထားပါတယ်။ Xperia Z3+ လိုပဲ သတ္တုဘေးဘောင်နဲ့ အလှဆင်ထားပြီး ခံ့ညားလှပတဲ့ဒီဇိုင်းဖြစ်ပါတယ်။ Z5 Premium ကို အနက်ရောင်၊ ရွှေရောင်နဲ့ ငွေရောင် တို့ရွေးချယ်နိုင်ပြီး ရေစိုဒဏ်ခံနိုင်ရည်ရှိတဲ့ ဖုန်းအမျိုးအစားထဲမှာပါဝင်ပါတယ်။ အလူမီနီယမ်ကိုယ်ထည်ကြောင့် Z5 Premium ဟာ အလွန်ကြွားဝါနေပြီး ဘေးထောင့်တွေကိုလည်း သပ်သပ်ရပ်ရပ်တည်ဆောက်ထားပါတယ်။ ဖုန်းရဲ့ညာဘက်ခြမ်းအလယ်နားမှာ Power ခလုတ်ကိုတွေ့နိုင်ပြီး နှစ်ချက်ဖိနှိပ်ရုံနဲ့ Fingerprint စနစ်ကို ဆောင်ရွက်ပေးနိုင်ပါတယ်။ Power ခလုတ်ရဲ့အောက်မှာ ကင်မရာခလုတ်ကိုတွေ့နိုင်ပြီး အပေါ်ဘယ်ဘက် နားလောက်မှာတော့ အဖုံးလေးတစ်ခုပဲပါဝင်နေတာ မြင်နိုင်ပြီး သုံးရတာ ပိုအဆင်ပြေပါတယ်။ Z5 ထက် ပိုမို ထူပြီး 7.8mm အထူရှိပါတယ်။

* Display *
Z5 Premium မှာ စိတ်ဝင်စားစရာအကောင်းဆုံးအချက်အဖြစ် 4K screen ပါဝင်ပါတယ်။ Z5 ထက် ပိုမို အဆင့်မြင့်လာတဲ့ မျက်နှာပြင်ဟာ ၅.၅ လက်မအရွယ်ရှိပြီး 2160×3840 pixels ရုပ်ထွက်အရည်အသွေးရှိပါ တယ်။ ရုပ်ထွက်သိပ်သည်းဆကလည်း အံ့အားသင့်စရာကောင်းပြီး 806ppi ထိ မြှင့်တင်ပေးထားပါတယ်။ IPS LCD Display ဖြစ်ပြီး Scratch-resistant galss နဲ့ မျက်နှာပြင်ကို ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။

* Operating System and Camera *
Android OS 5.1.1 (Lollipop) သုံးနိုင်ပြီး 6.0 (Marshmallow) ထိ upgrade လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။ Z5 ဖုန်းတွေမှာတွေ့ရတဲ့ IMX 300 sensor ပါဝင်ပြီး ကျောဘက်ကင်မရာဟာ 23MP အရည်အသွေးရှိပါတယ်။ LED flash မီးသုံးနိုင်ပြီး 4K ဗီဒီယိုတွေရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်မှာလည်း 5.1MP ကင်မရာနဲ့ Full HD ဗီဒီယိုရိုက်နိုင်ပါတယ်။ Z5 Premium ကင်မရာမှာ 5X zoom feature အသစ်ပါဝင်လာပြီး ရုပ်ပုံကောင်းကောင်း ဖန်တီးပေးနိုင်ပါတယ်။

* Performance *
Z5 Premium ရဲ့ စွမ်းဆောင်ရည်ဟာမြင့်မားပြီး Qualcomm Snapdragon 810 Octa-core processor က အကောင်းဆုံးဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 3GB RAM ထည့်သွင်းထားပြီး ဂရပ်ဖစ်ဟာ Adreno 430 ပါဝင် ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ရှိပြီး 200GB အထိ microSD နဲ့ တိုးမြှင့်နိုင်ပါတယ်။ ဖြုတ်/တပ်လို့မရတဲ့ဘက်ထရီဟာ Li-ion 3430mAh ပမာဏရှိပြီး Quick Charge 2.0 ကြောင့် အားသွင်း ချိန်မြန်ဆန်ပါတယ်။

* Specification*
Display : 5.5 inches, IPS LCD capacitive touchscreen Memory : 32 GB, 3GB RAM, microSD, up to 200GB Camera : 23 Megapixel, phase detection autofocus, LED flash OS : Android OS v5.1.1 (Lollipop) Phone : 09-253230212 (Sony Showroom)

Price : 970,000/-
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com