12/17/2015

♪ ၀က်ဆိုက်များတွင် Facebook Messenger ကို ထည့်သွင်းနိုင်ပြီ ♫


စီးပွားရေးလုပ်ငန်းများအတွက် ဖောက်သည်များနှင့် ဆက်သွယ်ရန် Facebook သည် အကောင်းဆုံး လူမှုကွန်ရက်တစ်ခုဖြစ်လာပါသည်။ ထို့အပြင် Customer Service အတွက်လည်း Facebook သည် စီးပွားရေးလုပ်ငန်းများ၏ အားထားရာနေရာဖြစ်လာပါသည်။ ယခုအခါတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် သူတို့၏ Facebook Page တွင် သာမကဘဲ ၀က်ဆိုက်များမှာပင် ဖောက်သည်များနှင့် Facebook Messenger မှတစ်ဆင့် စကားပြောဆိုနိုင်ပြီဖြစ်သည်။ 

အချို့ ၀က်ဆိုက်များတွင် ဖောက်သည်များနှင့် တိုက်ရိုက်ပြောဆိုရန် အခြား Live Chat ၀န်ဆောင်မှုများကို အသုံးပြုနေရသည့် အလုပ်ရှုပ်မှုများကို ဖယ်ရှားနိုင်မည်ဖြစ်ပြီး ဖောက်သည်အားလုံးနှင့် စကားပြောနိုင်ရန် Facebook Messenger ကို အလုံးစုံအသုံးချနိုင်မည်ဖြစ်သည်။ ဖောက်သည်များအတွက် အားသာချက်မှာ ကုမ္ပဏီနှင့် ပြောဆိုထားသော Chat Log များကို ပြန်လည်ကြည့်ရှုနိုင်ခြင်းဖြစ်ပါသည်။

အဆိုပါ စွမ်းဆောင်ချက်နှင့်အတူ Facebook က Pages Facebook Plugin တွင် Events ကို အသုံးပြုနိုင်ရန် ပြုလုပ်ပေးလိုက်ပါသည်။ Events အခြေအနေများကို ၀က်ဆိုက်တွင် စဉ်ဆက်မပြတ်ပြောင်းလဲပေးမည်ဖြစ်သည်။ ဖောက်သည်များကလည်း ၀က်ဆိုက်မှပင် Event ကို Join နိုင်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com