12/22/2015

♪ “၇ ကြိမ်မြောက် ဘားကမ့်ရန်ကုန်ကိုလာမည့် ဇန်န၀ါရီလ ၃၀၊ ၃၁ ရက်များ တွင် ပြုလုပ်မည်” ♫


၂၀၁၀ ခုနှစ်မှစတင်ကျင်းပလာသည့် ဘားကမ့်ရန်ကုန် ၂၀၁၆ အား လာမည့် ဇန်န၀ါရီ ၃၀ နှင့် ၃၁ ရက်များတွင် (၇)ကြိမ်မြောက် ဘားကမ့်အနေဖြင့် ကျင်းပသွားရန်စီစဉ်ထားကြောင်း သိရသည်။ ပွဲအစီအစဉ်အား နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ရန်ကုန်မြို့လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park တွင် ပြုလုပ် မည်ဖြစ်သည်။ဘားကမ့်ရန်ကုန်သည် နည်းပညာတစ်ခုတည်းအတွက် ရည်ရွယ်ကျင်းပခြင်းမဟုတ်ဘဲ အခြားသော ကဏ္ဍများပါ ပါဝင်နိုင်သည့် အစီအစဉ်တစ်ခုဖြစ်သည်။

ပါဝင်ဆွေးနွေးလိုသည့် speaker များအနေဖြင့် မိမိဝေမျှလိုသော အကြောင်းအရာများကိုကြိုတင်ပြသထား သည့် Topic board များမှတစ်ဆင့် အသိပေးနိုင်မည်ဖြစ်ပြီး ဆွေးနွေး ချိန်ကို ၄၅ မိနစ် သတ်မှတ်ထားပါသည်။Projector နှင့်မိုက်ကရိုဖုန်းများအား Barcamp Yangon Organizer Team မှ ထောက်ပံ့ပေးထားမည်ဖြစ်ပြီး မိမိဟောပြော နေသည့်အကြောင်းအရာအပေါ် စိတ်ဝင်စားသူများပြားပါက သတ်မှတ်ချိန် ထက် ကျော်လွန်လျှင် မိမိပရိသတ်နှင့်အတူ ပြင်ပသင့်လျော်သော နေရာ လွတ်တစ်ခုတွင် ဆက်လက်ဆွေးနွေးနိုင်ရန်စီစဉ်ပေးထားကြောင်းလည်း သိရသည်။

Barcamp Yangon 2016 ကျင်းပရာတွင် Organizer အနေဖြင့် ယခင် နှစ်များ တွင် ပါဝင်သူများသာမက အခြားသော လူငယ် Organizer အသစ် များလည်း ပါဝင်လာပါသည်။ပွဲတက်ရောက်ခွင့်လက်မှတ်များအား ဇန်န၀ါရီ ၁ ရက်နေ့မှစတင်ပြီး Online Register ပြုလုပ်နိုင်ပြီး www. facebook. com/barcampyangon နှင့် www.barcampyangon.org တို့တွင် ပြုလုပ် နိုင်မည်ဖြစ်သည်။ သတင်း ထုတ်ပြန်ချက်များနှင့် ထူးခြားသောအစီအစဉ်များ အား ဖေ့ဘုတ်နှင့်ဝက်ဘ်ဆိုက်တို့တွင်တင် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။စပွန်ဆာအဖြစ် ပါဝင်ထောက်ပံ့လိုသူများအနေဖြင့် MCPA ရုံးခန်း ၀၁-၆၅၂၂၇၆ သို့ဆက်သွယ် နိုင်မည် ဖြစ်သည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com