12/22/2015

♪ Facebook က Mobile Apps များတွင် Offline Newsfeed ကို ထည့်သွင်းပေး ♫


Facebook က အင်တာနက် ဆက်သွယ်မှုမရှိသည့်အချိန်တွင် မိုဘိုင်းဖုန်းများမှ Newsfeed ကို ကြည့်ရှုနိုင်စေရန် ပြုလုပ်ပေးလိုက်ပါသည်။ ထို့အပြင် Offline ဖြစ်နေသည့်အချိန်တွင် Comments များရေးသားနိုင်ပြီး အင်တာနက်ဆက်သွယ်မှုရရှိသည်နှင့် အလိုအလျှောက် Post ပြုလုပ်ပေးမည်ဟု Facebook က သူ၏ ဘလော့တွင် ရေးသားထားပါသည်။

“ ယခုစွမ်းဆောင်ချက်ဟာ အင်တာနက်ဆက်သွယ်မှု မကောင်းတဲ့ လူများအတွက် အထောက်အကူပေးမှာ ပါ။ အင်တာနက် ဆက်သွယ်မှုကောင်းမွန်ပေမယ့်လည်း မြေအောက်ဘူတာရုံများ၊ လှိုင်ခေါင်းများနဲ့ ပွဲများတို့လို ဆက်သွယ်မှုမတည်ငြိမ်တဲ့ နေရာများမှ လူများအတွက်တောင် အသုံးဝင်ပါတယ်။ “ ဟု Facebook က ရေးသားထားပါသည်။ 

ထို့အပြင် ဒေါင်းလုပ်ပြုလုပ်ထားပြီး မကြည့်ရှုရသေးသော ပို့စ်များကိုလည်း Offline ဖြစ်သွားသည့်အချိန် တွင် ပြသရန် Algorithm ရေးဆွဲထားသည်ဟု Facebook ကပြောပါသည်။ ဆက်သွယ်မှုကောင်းနေသည့် အချိန်တွင် ပို့စ်များစွာကို ဒေါင်းလုပ်ပြုလုပ်ထားပြီး Offline ဖြစ်သည့်အချိန်တွင် ကြည့်ရှုနိုင်သော စွမ်းဆောင်ချက်တစ်ခုကိုလည်း Facebook က စမ်းသပ်နေသည်ဟု ပြောပါသည်။

Offline ဖြစ်နေသည့်အချိန်တွင် Like ပြုလုပ်ခြင်း၊ ပို့စ်များကို Share ပြုလုပ်ခြင်းများကိုမူ ယခင် ကတည်းက ပြုလုပ်နိုင်ပြီဖြစ်ပြီး ယခုမူ ကွန်းမန့်များကိုပါ Offline ဖြစ်နေချိန်တွင် ရေးသားနိုင်ပြီဖြစ်သည်။ အဆိုပါစွမ်းဆောင်ချက်အသစ်များကို စမ်းသပ်နေပြီး တစ်ကမ္ဘာလုံးသို့ တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေး သွားမည်ဟု ကုမ္ပဏီက ပြောပါသည်။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com