12/29/2015

♪ " Huawei Ascend Mate 7 " အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫


Price » 567,000 Ks
Contact Phone » 09-421744111 ( Today's Mobile )
* Specification *
» Network : 2G, 3G, 4G (Dual SIM) » Weight : 185 g » Display : 6.0", IPS LCD capacitive touchscreen » Dimensions : 157 x 81 x 7.9 mm » Memory : 16GB, 2GB RAM, microSD, up to 128GB » Camera : 13 Megapixel, Front : 5MP, autofocus, LED flash, Geo-tagging, face detection, HDR, panorama » Connectivity : GPRS, EDGE, WLAN, Bluetooth, USB » Chipset : HiSilicon Kirin 925 CPU : Quad-core 1.8GHz Cortex-A15 » OS : Android OS, v4.4.2 (KitKat)
Huawei ရဲ့ ပထမဆုံး Phablet အမျိုးအစားအဖြစ် Ascend Mate 7 ကို မွေးထုတ်ခဲ့ပြီး ပြိုင်ဘက် flagship ဖုန်းတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းတွေကို Mate Series တိုင်းမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ Mate 7 လို့ နာမည်ပေးထားတဲ့အချက်ပေါ်ကြည့်ပြီး Ascend Mate 7 ရဲ့ အရွယ်အစားကို အတိအကျ သတ်မှတ်လို့မရဘဲ Mate 7 ဟာ တကယ်တော့ ၆ လက်မအရွယ် စမတ်ဖုန်းအဖြစ် ထွက်ရှိလာပါတယ်။

Apple ရဲ့ ၅.၅ လက်မအရွယ် iPhone 6 Plus ထွက်ရှိပြီးတဲ့ နောက်ပိုင်းမိုဘိုင်းဖုန်းဈေးကွက်မှာ အရွယ်အစား ခပ်ကြီးကြီးဖုန်းတွေ ဆက်တိုက်နေရာယူဝင်ရောက်လာတော့မယ်ဆိုတာ ကြိုတင် ခန့်မှန်းနိုင်ပါတယ်။ Ascend Mate 7 လို အရွယ်အစားကြီးမားတဲ့ စမတ်ဖုန်းဆိုတာ Huawei အတွက် သိပ်ထူးခြားမနေဘဲ တကယ်တော့ ၆ လက်မအရွယ် မျက်နှာပြင်သာရှိပြီး Tablet ရဲ့ အရွယ်အစားအတိုင်း Display ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဂိမ်းကစားရတာ နှစ်သက်သူတွေနဲ့ ဗီဒီယိုကြည့်တာတွေကို ကျေနပ်စရာကောင်းအောင် ဖန်တီးပေးနိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။

Mate 7 ရဲ့ ၆ လက်မအရွယ် screen ကြောင့် ကိုယ်ထည်ကို 157mm အရှည်နဲ့ 81mm အကျယ်ထိ ဆန့်ထုတ်ထားရပါတယ်။ Display ကို အပြည့်ဝဆုံး ခံစားနိုင်ဖို့ ဘေးဘောင်တွေကို တတ်နိုင်သလောက် ကျဉ်းမြောင်းထားပြီး သတ္တုကိုယ်ထည်ကြောင့် လက်ထဲမှာ သုံးတဲ့အခါ ကျစ်ကျစ်လျစ်လျစ် ဖြစ်နေပါလိမ့်မယ်။ ကိုယ်ထည်နဲ့ screen ရဲ့ ကြားနေရာလွတ် မရှိသလောက်ဖြစ်အောင် တည်ဆောက်ထားပြီး ဖုန်းရဲ့မျက်နှာပြင် ၈၃% လောက်က screen ကြီးပဲ ဖြစ်ပါတယ်။ Ascend Mate 7 ကို ငွေရောင်အပြင်ခံနဲ့ ရွှေရောင်တို့ပါ ရရှိနိုင်ပါတယ်။

Huawei Ascend Mate 7 ရဲ့ဒီဇိုင်းပုံစံဟာ HTC One Max အလားထင်ရပြီး အရွယ်အစားကတော့ ကွာခြားချက်ရှိပါတယ်။ သတ္တုအပြည့်သုံးထားတဲ့ ကိုယ်ထည်ရဲ့ကျောဘက်ကို အနည်းငယ်ခုံးထားတာတွေ့ရပြီး ကျောဘက်အပေါ်နဲ့ အောက်ပိုင်းတို့မှာ လိုင်းကြောင်းနဲ့ ကန့်လန့်ဖြတ်ဒီဇိုင်း ဖော်ပေးထားပါတယ်။ ကျောဘက်ရဲ့ဒီဇိုင်းမှာ နောက်ထပ်ပါဝင်နေတာက ကင်မရာနဲ့ flash မီးတို့ဖြစ်ပြီး ကင်မရာရဲ့ အောက်နားမှာလည်း fingerprint scanner ကို ထပ်မံမြင့်တွေ့နိုင်ပါတယ်။
Huawei ရဲ့ ပလတ်စတစ် Budget ဖုန်းတွေထက်စာရင် Ascend Mate 7 က ပိုမိုကြည့်ကောင်းနေပြီး သတ္တုနဲ့ ကျဉ်းမြောင်းတဲ့ဘေးဘောင်တွေဟာ High-end တစ်လုံးမှန်း သိသာနေအောင် ဖော်ပြထားပါတယ်။ ဒီဇိုင်းအရတော့ အရမ်းကြီးထူးခြားမနေပေမယ့် ရိုးရှင်းသပ်ရပ်တဲ့အလှကို ပိုင်ဆိုင်ထားပါတယ်။ iPhone 6 ထက် ပိုမိုမြင့်မားတဲ့ pixel သိပ်သည်းဆ 368ppi ကို Mate 7 ရဲ့ screen မှာ တွေ့နိုင်ပြီး ရုပ်ထွက်ကောင်းပါတယ်။

Huawei Ascend Mate 7 မှာ Android OS 4.4.2 (KitKat) ကို Emotion UI 3.1 နဲ့အတူ သုံးနိုင်ပြီး 5.1.1 (Lollipop) ထိ Upgrade တင်နိုင်ပါတယ်။ Mate 7 မှာ Octa-core processor ထည့်သွင်းထားပြီး HiSilicon Kirin 925 chip ကို အသုံးပြုထားပါတယ်။ အားကောင်းတဲ့ processor ဖြစ်ပြီး Geekbench benchmark မှာ ၄၄၆၈ မှတ်ရထားတာ ဖြစ်ပါတယ်။ Quadrant test မှာတော့ Samsung Galaxy S5 ထက် တစ်ဝက်နီးပါးလောက် လျော့နည်းပြီး ၁၁၄ဝ၁ မှတ် ရရှိထားပါတယ်။ RAM ပမာဏ 2GB ပါရှိပြီး အဆင့်မြင့်ဂိမ်းတွေအတွက် ဂရပ်ဖစ် Mali-T628 တို့ ထည့်သွင်းထားပါတယ်။

Huawei Ascend Mate 7 ရဲ့ ကင်မရာအရည်အသွေး ကောင်းမွန်ပြီး ကျောဘက်က 13MP ကင်မရာနဲ့ 4128 x 3096 pixels resolution ရှိတဲ့ ရုပ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ LED flash မီးကိုပါ အသုံးပြုနိုင်ပြီး HDR Mode နဲ့ Autofocus တို့ကိုလည်း ကောင်းကောင်း အလုပ်လုပ်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ရှေ့ဘက်မှာ 5MP Selfie ကင်မရာ ပါဝင်ပါတယ်။ စပီကာကို ကျောဘက်အောက်ခြေမှာ ထည့်သွင်းထားပြီး DTS Sound စနစ်ကို ပံ့ပိုးပေးထားတာကြောင့် ကျယ်လောင်တဲ့အသံတွေကို နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။ NFC, Wi-Fi, GPS, Bluetooth 4.0 စတဲ့ ချိတ်ဆက်မှုတွေ ပါဝင်ပြီး 4G ကွန်ရက်ထိ သုံးစွဲနိုင်ပါတယ်။

* Battery Life *
Mate 7 ရဲ့ ကြီးမားတဲ့ကိုယ်ထည်ကို Li-Po 4100mAh ဘက်ထရီနဲ့ အားအပြည့်သွင်းထားရင် ဗီဒီယိုအတွက် ၁၇ နာရီနီးပါး ခံနိုင်ရည်ရှိပါတယ်။ Power saving mode အတွက် Ultra, Smart နဲ့ Normal (၃) မျိုး ရွေးချယ်နိုင်ပြီး P8 ထက် ပိုကောင်းတဲ့ဘက်ထရီကို သုံးစွဲထားပါတယ်။

* Design *
HTC One Max ရဲ့ဒီဇိုင်းနဲ့ ခပ်ဆင်ဆင် တူညီနေပြီး Huawei ဟာ Mate 7 ကို ဆန်းသစ်သွားအောင်တော့ ပြောင်းလဲသွားတာမျိုး မတွေ့ရပါဘူး။ မျက်နှာပြင် ခပ်ကြီးကြီးကြောင့် ဘေးဘောင် တွေဟာ အရမ်းသေးငယ်နေပြီး ရိုးရိုးရှင်းရှင်းနဲ့ ကြည့်လို့ကောင်းပါတယ်။ အလူမီနီယမ်ကိုယ်ထည်ကြောင့် ချောမွေ့ပြောင်လက်နေပါတယ်။

* Processor *
Ascend Mate 7 မှာ စွမ်းဆောင်ရည်မြန်ဆန်တဲ့ HiSilicon Kirin 925 Octa-core processor ကို ထည့်သွင်းထားပြီး မြန်နှုန်းအတွက် စိတ်ချရပါတယ်။ ဂိမ်းတွေအခက်အခဲမရှိ ကစားနိုင်ဖို့ ဂရပ်ဖစ် Mali-T628 နဲ့ RAM 2GB တို့ကို ပိုမိုကောင်းမွန်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။

* Display and Camera7 *
၆ လက်မအရွယ် IPS LCD Display ဟာ 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေး ရရှိမှာဖြစ်ပြီး မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ဖုံးအုပ်ထားပါတယ်။ Mate 7 ရဲ့ ပင်မကင်မရာဟာ 13MP အရည်အသွေးရှိပြီး LED flash သုံးနိုင်ပါတယ်။ 5MP ကင်မရာကို ရှေ့မျက်နှာပြင် တွေ့နိုင်ပြီး ကျောဘက်ကင်မရာနဲ့ full HD ဗီဒီယိုကို ရိုက်ကူးနိုင်ပါတယ်။

* Verdict *
စွဲမက်စရာကောင်းတဲ့ Huawei Ascend Mate 7 ရဲ့ ကြီးမားတဲ့မျက်နှာပြင်အရွယ်အစားက သဘောကျစရာ အကောင်းဆုံးအချက်ဖြစ်ပြီး ပိုမိုအဆင့်မြင့်လာတဲ့ fingerprint scanner ကိုလည်း သုံးနိုင်ပါတယ်။ Phablet အမျိုးအစား Ascend Mate 7 မှာ သုံးလို့ကောင်းတဲ့အချက်တွေ ဆက်လက် ပါဝင်ခဲ့ပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com