12/24/2015

♪ “Xiaomi Redmi Note 3” ♫


တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းနဲ့ အီလက်ထရောနစ်ပစ္စည်းများကို ထုတ်လုပ်သည့် ကုမ္ပဏီများစွာ ရှိသည့်အထဲကမှ Xiaomiဟာအာရှဘက်တွင် သာမကဥရောပဈေးကွက်ကိုလည်း ချဲ့ထွင်လာနိုင်ပါတယ်။ Xiaomiဟာ ယခုနှစ်ကုန်ပိုင်းတွင် ပစ္စည်းအသစ်များကိုထုတ်လုပ်ဖြန့်ချိနေပြီးထို နည်းပညာ ပစ္စည်းများ ဟာမျက်နှာပြင်ကျယ်ဝန်းသည့် ဘက်ကိုဦးတည် နေကြပါတယ်။ Mi Pad 2 ကိုလည်းမိတ်ဆက်ပေး ထားပြီးထို Pad ရဲ့အထူ ပမာဏသည် 6.95 mm သာရှိပါတယ်။ မျက်နှာပြင် အကျယ်အ၀န်းကတော့ 7.9 inchesရှိပြီးထောက်ပံ့ပေးထားသည့် Pixels ပမာဏမှာ1536×2048 ဖြစ်ပါတယ်။

8MPနဲ့ 5MPစွမ်းရည်ရှိသောကင်မရာနှစ်မျိုးနှစ်စားကိုထို Pad တွင် တပ်ဆင်ပေးထားပါတယ်။ Xiaomi စမတ်ဖုန်းများကို နှစ်သက်သူများ အတွက် အကောင်းဆုံးသောဖုန်းအသစ်ဟာ နှစ်သစ်ကာလမှာဈေးကွက် ထဲကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ထိုဖုန်းကတော့ Note အမျိုးအစားဖြစ်ပါ တယ်။ မျိုးဆက်သစ် စမတ်ဖုန်းတစ်ခုအနေနဲ့ ထွက်ရှိလာခဲ့တဲ့ Mi Note3 ဟာအားလုံးသောစမတ်ဖုန်းတွေမှာ ပါဝင်နေတဲ့ အကောင်းဆုံးပါဆိုသော Hardware ပါဝင်မှုတွေနဲ့တည်ဆောက် ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ မျက်နှာပြင်ကိုကြည့်လိုက်မယ်ဆိုရင် ၅.၅လက်မ မျက်နှာပြင်ဟာfull HD (1080× 1920) ဖော်ပြနိုင် စွမ်းရှိမှာဖြစ်ပါတယ်။ OIS ပါဝင်တဲ့ 13MP ကင်မရာကလည်း ရုပ်ပုံတွေကို ထင်ရှားပြတ်သား စွာရိုက်ကူးနိုင်ပါလိမ့်မယ်။ Dual-simသုံးနိုင်မှာဖြစ်ပြီးdual-LTE ကွန်ရက်ချိတ်ဆက်မှုကိုရရှိစေမှာပါ။ ထည့်သွင်းအသုံးပြုရမယ့် SIM Card အမျိုးအစားကတော့ Micro SIM ပါ။

ဖုန်းရဲ့အထိအခိုက်ကိုကာကွယ်နိုင်စွမ်းအတွက်ကတော့ Gorilla glass 3 နဲ့ ကာကွယ်ပေးထားပါတယ်။ အရှေ့ဘက်ကင်မရာငယ်ကတော့ 5MP ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့်စွမ်းရည်ဟာ1080p ပါ။ အခြား လုပ်ဆောင်ချက် ပိုင်းမှာလည်းကောင်းမွန်ပြီးMemory ပိုင်းတွင် နှစ်မျိုးရှိပါ တယ်။ 3GB RAM နဲ့တွဲဖက်ပေးမှာကတော့ 32GBသိုလှောင်သိမ်းဆည်း နိုင်စွမ်း ပဲဖြစ်ပြီး RAM 2GB နဲ့ တွဲဖက်ပေးထားတာကတော့ ROM 16GB ဖြစ်ပါတယ်။ ဆောဖ့်ဝဲအနေနဲ့ကြည့်လိုက်မယ်ဆိုရင် Android 5.1 ပေါ်မှာ အခြေခံထားတဲ့ MIUI 7 ကိုသုံးနိုင်ပါလိမ့်မယ်။ အချက်အလက်တွေကို ဝေမျှ လိုတယ်ဆိုရင်တော့ Bluetooth 4.0 နဲ့ USB 2.0 ကိုသုံးနိုင်ပါလိမ့်မယ်။ NFC နဲ့ Radio လုပ်ဆောင်ချက်ကိုလည်းသက်ဆိုင်ရာနိုင်ငံအပေါ်မူတည်ပြီး သုံးစွဲနိုင်မှာဖြစ်ပါတယ်။

၅.၅မျက်နှာပြင်ဟာတိုက်ရိုက်နေရောင်ထဲမှာသုံး တာ၊ ညပိုင်းသုံးတာနဲ့ စာတွေဖတ်မယ့်အချိန်တွေမှာ display ကိုသတ်မှတ် ထားနိုင်ပါလိမ့်မယ်။ ဖုန်း၏နောက်ကျောဘက်ကင်မရာရဲ့ အောက်မှာတော့ fingerprint sensor ကိုတပ်ဆင်ပေးထားပြီuးnlock ပြုလုပ်နိုင်မယ့်အချိန် ဟာ0.3sec သာကြာမြင့်မှာဖြစ်ပါတယ်။ ပေါ့ပါးပြီးပါးလွှာတယ်ဆိုပေမယ့် သူ့ရဲ့အလေးချိန်ဟာRedmi Note 2 ထက်စာရင်တော့ 4gလောက် ပိုလေးပါတယ်။ 8.65mm အထူကတော့ တကယ်ပေါ့ပါးမှုလို့သတ်မှတ်နိုင် ပါတယ်။ အခြားဘက်ထရီစွမ်းအားကြီးမားတဲ့ ဖုန်းတွေနဲ့ယှဉ်လိုက်မယ်ဆိုရင် ဒါဟာအတော်ကြီးပါးတယ် လို့ဆိုနိုင်ပါတယ်။

စမတ်ဖုန်းတစ်လုံးကိုလက်ထဲမှာ စတိုင်ကျစွာကိုင်နိုင်စေဖို့အတွက် ကိုယ်ထည်ဒီဇိုင်းကအရေးကြီးလှပါ တယ်။ နောက်ထပ်ကတော့ပုံမှန် ပိုလီကာဗွန်နိတ်သုံးတဲ့ ပုံစံကနေall metal ဘက်ကိုပြောင်းလဲ လိုက်တာပါပဲ။ သူ့ရဲ့နောက်ကျောဘက်မှာတပ်ဆင်ထားတဲ့ လက်ဗွေဖတ်စနစ်နဲ့ ကင်မရာ ပုံစံကိုကြည့်လိုက်မယ်ဆိုရင် google ရဲ့နောက်ဆုံးထွက် Nexus ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်းမှာ အတော်ကြီးကိုဆင်တူပါတယ်။ ဘေးအနားသတ်လေးတွေက တော့ iPhone နဲ့ဆင်တူပါတယ်။ ပြောင်းလဲ သွားတဲ့ဒီဇိုင်းပိုင်းကြောင့်ပဲRedmi 2 ကိုင်ထားတဲ့သူတွေအနေနဲ့ သူတို့ရဲ့ဖုန်းတွေကိုNote 3 နဲ့ပြောင်းလဲ ကိုင်ဆောင်ဖို့ ပြင်ဆင်နေကြပါပြီ။ ကိုယ်ထည်တစ်ခုလုံးရဲ့အချိုးကတော့ 5.91×2.99× 0.34 in ရှိမှာဖြစ်ပါတယ်။ Xiaomiဖုန်းအသစ်ဖြစ်တဲ့ Redmi မှာသီချင်းတွေကိုအကောင်းဆုံးနားဆင်နိုင်စေဖို့အတွက် ESS ES9018K2M chip ကိုသုံးထားပါတယ်။

ဒါကြောင့်ကြည်လင်ပြတ်သားတဲ့ အသံတွေကို အနှောင့်အယှက်ကင်းစွာနားဆင်နိုင်မှာဖြစ်ပြီးstudio-quality format ဟာ192kHz 24bit ဖြစ်ပါတယ်။ Dynamic Range ကိုတော့ 127dB DNR ပေး ထားပါတယ်။ ပုံမှန်ဖုန်းတွေထက်ပိုကောင်းတဲ့ အသံထွက်ရရှိစေဖို့ အတွက် Hi-fi audio ရနိုင်မယ့် sound ပရိုဆက်ဆာကိုတပ်ဆင်ပေးထား ပါတယ်။ သီချင်းတွေကိုဖွင့်လှစ်နားဆင်တဲ့အခါမှာformat မကိုက်ခြင်း ကြောင့် နားထောင်လို့မရတာမျိုးတွေလည်းဖြစ်စေတော့မှာမဟုတ်ပါဘူး။ အသံမညီမှုတွေကို လည်း ၀.၀၀၁% ထိရောက်အောင် လျှော့ချပေးထား ပါတယ်။

ဘက်ထရီစွမ်းဆောင်နိုင်မှုအတွက်ကတော့ 4000mAh ကိုသုံးနိုင်ပါလိမ့် မယ်။ ဒါ့အပြင်မြန်ဆန်တဲ့ ဘက်ထရီအားသွင်းနိုင်စွမ်းအတွက် Fast Battery charging ကိုသုံးထားပါတယ်။ ဒါကြောင့် အားသွင်းမယ်ဆိုရင် တစ်နာရီကြာ အားသွင်းမှသာဘက်ထရီစွမ်းအားကို ၅၀% ရရှိစေမှာဖြစ်ပါတယ်။ ခရီးသွား တတ်တဲ့သူတွေအတွက် ဘက်ထရီအားအလွယ်တကူကုန်သွားတာမျိုးကို စိုးရိမ်စရာမလိုတော့ ပါဘူး။ Accelerometer, gyro, proximity, compass စသောsensor များကိုသုံးနိုင်မှာဖြစ်ပြီး UIအသစ်ရဲ့ထောက်ပံ့ပေးထားတဲ့ လုပ်ဆောင်ချက်သစ်တွေနဲ့အတူJava MIDP emulator ကိုလည်းထောက်ပံ့ ပေးထားပါတယ်။ wi-fiကတော့ 802.11 a/b/g/n/ac ဖြစ်ပါတယ်။ အရောင် အနေဖြင့်လည်း (၃)မျိုး (၃)စားထုတ်လုပ်ပေးထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com