12/31/2015

♪ Gionee က Marathon M5 Enjoy ကို ကြေညာ ♫


Gionee က Marathon M5 Plus နှင့်အတူ Marathon M5 Enjoy ကိုလည်း ကြေညာလိုက်ပါသည်။ မူလ M5 ၏ မျိုးဆက်များဖြစ်ကြပါသည်။ M5 Enjoy ၏ မျက်နှာပြင်သည် TFT အမျိုးအစားဖြစ်ပြီး မူလ M5 တွင် AMOLED အမျိုးအစားကို အသုံးပြုထားပါသည်။ ဖုန်းနှစ်လုံးစလုံး၏ မျက်နှာပြင်အရွယ်မှာ ၅.၅ လက်မဖြစ်ပြီး 720p HD Resolution ဖြစ်ပါသည်။

M5 Enjoy တွင် ကြာရှည်စွာ အသုံးခံသော 5000mAh Battery ထည့်သွင်းထားပါသည်။ 13MP Camera အစား M5 Enjoy တွင် 8MP Camera ကိုသာ တပ်ဆင်ထားပါသည်။ M5 Enjoy တွင် Fingerprint Scanner တပ်ဆင်ထာါးသည်။

အခြား Specification များမှာ Quad-Core MediaTek MT6735 , 3GB RAM, Android 5.1 Lollipop , 16GB Internal Storage တို့ ထည့်သွင်းထားပါသည်။ Marathon M5 Enjoy ကို တရုတ်ယွမ် ၁၉၉၉ ( ဒေါ်လာ ၃၁၀) ဖြင့် ရောင်းချပေးမည်ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com