12/24/2015

♪ Facebook မှ Apps များက သင့်ကိုယ်စား ပို့စ်တင်ခြင်းကို ပိတ်ထားနည်း ♫


Facebook ဟာ ဆယ်စုနှစ်တစ်ခုကျော် သက်တမ်းကြာမြင့်ပြီဖြစ်တဲ့ လူမှုကွန်ရက်ဖြစ်ပါတယ်။ User အများစုကလည်း Facebook မှ Apps ပေါင်းများစွာကို အသုံးပြုနေကြပါတယ်။ Facebook ရဲ့ Settings ထဲမှာ အသုံးမပြုတော့တဲ့ Apps များကို ဖယ်ရှားနိုင်ပါတယ်။ Apps များကို မဖယ်ရှားချင်ဘဲ သင့်ကိုယ်စား ပို့စ်တင်ခြင်းကိုသာ ပိတ်ပင်ထားချင်ရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

ဒီနည်းကို Facebook Desktop Version မှာသာ အသုံးပြုနိုင်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ တက်ဘလက်များမှာ ဒီနည်းကို အသုံးပြုလို့မရပါဘူး။ Facebook.com ကိုသွားပြီး သင့်အကောင့်နဲ့ Login ၀င်ပါ။ Home Page ရဲ့ ညာဘက်အပေါ်ထိပ်မှ Drop-Down Arrow ကို နှိပ်ပါ။ Settings ထဲသွားပါ။

Settings ရဲ့ ဘယ်ဘက်ခြမ်းမှ Apps ကို နှိပ်ပါ။
အဲဒီမှာ သင့် Facebook အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Apps များကို မြင်တွေ့ရမှာဖြစ် ပါတယ်။ အောက်ခြေမှ “Show All” ကို နှိပ်ပါ။ App တစ်ခုပေါ်သို့ Mouse Cursor တင်ကြည့်ရင် ညာဘက်မှာ Edit or Remove ပြုလုပ်နိုင်မယ့် အိုင်ကွန်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Edit Icon ကို နှိပ်ပါ။

အဲဒီနောက်မှာ ကဏ္ဍသုံးခု ခွဲခြားပြသထားတဲ့ ၀င်းဒိုးကို ပြသပေးမှာဖြစ်ပါတယ်။ ပထမဆုံး ကဏ္ဍမှာ သင့်ရဲ့ Facebook Profile မှာ အဲဒီ App ရဲ့ Visibility ကို သတ်မှတ်နိုင်ပါတယ်။ အဲဒီ App ကို သင့်ရဲ့ Timeline မှာ အခြားသူများက မမြင်စေချင်ရင် Only Me သတ်မှတ်ပေးပါ။ ဒုတိယ ကဏ္ဍမှာ App က သင့်အကောင့်မှ ရယူနိုင်တဲ့ သတင်းအချက်အလက်များကို ပြသပေးထားပါတယ်။ နောက်ဆုံးကဏ္ဍကတော့ App ရဲ့ လုပ်နိုင်တဲ့ အလုပ်များဖြစ်ပါတယ်။ သင့်ကိုယ်စား App က အလိုအလျှောက် ပို့စ်များ တင်နေခြင်းကို ပိတ်ပင်ဖို့အတွက် This App Can : အောက်မှ Post မှာ အမှန်ခြစ်ဖြုတ်ပေးပါ။

Permission တစ်ခုက လိုအပ်တယ်လို့ သူ့ရဲ့ ဘေးမှာ အသိပေးထားရင်တော့ အမှန်ခြစ် မဖြုတ်ဘဲထားသင့်ပါတယ်။ ဒီိလို အခြေအနေမှာ အမှန်ခြစ်ဖြုတ်ရင် App က မှန်ကန်သင့်တော်စွာ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ အသုံးမပြုတော့တဲ့ App ဆိုရင်တော့ Delete လုပ်နိုင်ပါတယ်။ Delete မလုပ်ချင်ဘဲ App က ပို့စ်တင်နေခြင်းကိုသာ ကန့်သတ်ချင်ရင် ဒီနည်းလမ်းကို အသုံးပြုပါ။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com