12/23/2015

♪ Huawei P9 ကို ၂၀၁၆ မတ်လတွင် ရောင်းမည် ♫


Huawei က စွမ်းဆောင်ရည်မြင့် P9 စမတ်ဖုန်းကို ၂၀၁၆ ခုနှစ် မတ်လတွင် ရောင်းချမည်ဟု သတင်းများထွက်ပေါ်နေပါသည်။ Huawei P9 နှင့် ပတ်သက်သော သတင်းများသည် ယခင်လအနည်းငယ်ကတည်းက ထွက်ပေါ်ခဲ့သော်လည်း ယခုနောက်ဆုံးထွက်ပေါ်လာသော သတင်းသည် Huawei ၏ မိခင်နိုင်ငံမှ ဖြစ်ပါသည်။ Huawei ကမူ P9 နှင့် ပတ်သက်၍ တရားဝင်ကြေညာခြင်း မရှိသေးပါ။

ပုံတွင် ပြသထားသော Huawei P8 ကို ယခုနှစ် ဧပြီလတွင် ရောင်းချခဲ့ခြင်းဖြစ်ပြီး Huawei က စွမ်းဆောင်ရည်မြင့် Mate 8 စမတ်ဖုန်းကို မကြာမီကမှ ရောင်းချခဲ့ခြင်းဖြစ်သည့်အတွက် P9 ကို နောင်နှစ် မတ်လတွင် ရောင်းချမည် ဆိုသည်မှာ ဖြစ်နိုင်ခြေရှိသည့် အချိန်ကာလဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Huawei က ကြေညာခြင်းမရှိသေးသော်လည်း ထွက်ပေါ်နေသော သတင်းများအရ P9 တွင် Kirin 950 SoC မောင်းနှင်မည်ဖြစ်ပြီး ၅.၂ လက်မ မျက်နှာပြင် တပ်ဆင်ထားမည်ဖြစ်သည်။ 4GB RAM ပါရှိပြီး Fingerprint Sensor တပ်ဆင်ထားမည်ဖြစ်သည်။ အနောက်ဘက်တွင် ကင်မရာနှစ်လုံး တပ်ဆင်ထားမည်ဖြစ်သည်။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com