
 စမတ်ဖုန်းလောကမှာအမြင့်တန်း စမတ်ဖုန်းထုတ်လုပ်သူတွေတဖြည်းဖြည်း 
များလာတဲ့ နောက်မှာတော့ တချို့ဖုန်းထုတ်လုပ်သူတွေဟာတန်ဖိုး သက်သာပြီး 
စွမ်းဆောင်ရည်ကောင်းတဲ့ ဖုန်းတွေနဲ့ဈေးကွက်ကို ဦးဆောင် ဖို့ကြိုးစား 
လာပါတယ်။ဒီမိုဘိုင်းဖုန်းထုတ်လုပ်သူတွေထဲမှာHTC လည်းအပါ 
အ၀င်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီဇိုင်းပိုင်းမှာအမြဲတမ်းဆန်းသစ်တဲ့ Metal
 ကိုယ်ထည်နဲ့One M8,M9 တို့ကိုထုတ်လုပ်သလိုမျိုး၊အခြား ဘက်မှာ တော့ 
အလယ်အလတ်အဆင့်ဖုန်းကိုင်ဆောင်လိုသူတွေအတွက်ပိုလီ ကာဗွန်နိတ် 
သုံးထားတဲ့Desire ဖုန်းတွေကိုထုတ်လုပ်ရောင်းချလျက် ရှိပါတယ်။Desire 816 
ဖုန်းတွေဆိုရင် ပြည်တွင်းဈေးကွက်မှာအတော်လေး 
လူကြိုက်များမှုကိုရရှိထားပြီး၊Desire 626 ဆိုရင်လည်းmid-range ဖုန်း 
ကိုင်ဆောင်သူအများစုကိုဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။HTC ကအခုလည်း Desire 
ဖုန်းကိုမှကြိုက်နှစ်သက်သူတွေအတွက်728 Dual ဆိုတဲ့ဖုန်းလေးကို 
ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ နောက်ပိုင်းထွက်ဖုန်းတွေမှာHTC အနေနဲ့ 
ကိုယ်ထည်ကိုပုံစံတစ်မျိုးနဲ့ထုတ်လာပါတယ်။အဲဒါကတော့ကိုယ်ထည်ကို 
အရောင်စပ်တဲ့အပိုင်းမှာtwo-tone ပုံစံကိုသုံးလာတာပဲဖြစ်ပါတယ်။ 
ကင်မရာပိုင်းမှာပိုမိုအဆင့်မြင့်တဲ့လုပ်ဆောင်ချက်တွေပါဝင်လာခဲ့ပြီးselfie 
ရိုက်လိုသူတွေအတွက်5MPတပ်ဆင်ထားတယ်ဆိုတော့လုံးဝရှင်းလင်းပီသတဲ့ပုံရိပ်ကိုရရှိနိုင်စေမှာဖြစ်ပါတယ်။ အခုပြည်တွင်းဈေးကွက်ကိုဝင်ရောက်လာ
 တော့မယ့်728ဖုန်းလေးကတော့အရှေ့ဘက်မှာ တပ်ဆင်ထားတဲ့စပီကာပုံစံ 
လေးတွေကင်မရာတပ်ဆင်ထားတာတွေ ပြောင်းလဲလာခဲ့ပါတယ်။
 <Design>
 Desire 728 dual ရဲ့ခလုတ်တွေတပ်ဆင်ပြုလုပ်ထားတဲ့ပုံစံကိုကြည့်လိုက်တဲ့ 
အခါမှာDesire 626နဲ့အတော်လေးဆင်တူတာကို တွေ့ရမှာဖြစ်ပါတယ်။ 
ဒါပေမယ့်ဘေးဘောင်အ၀ိုက်ပုံစံ၊two-tone ကာလာတွေကတော့ ဆန်းသစ် တဲ့ 
အသွင်အပြင်အဖြစ်ရှိနေမှာဖြစ်ပါတယ်။ကိုယ်ထည်ဒီဇိုင်းပုံစံကတော့ desire 
820နဲ့ပုံစံဖြစ်လာပါတယ်။ညာဘက်ဘေးဘောင်မှာအသံအတိုး၊ 
အကျယ်ခလုတ်နဲ့အတူပါဝါခလုတ်ကို တွေ့ရမှာဖြစ်ပါတယ်။အခြားဘက် 
ကိုကြည့်လိုက်မယ်ဆိုရင်တော့sim-card ထည့်လို့ရမယ့်slot နေရာလေးကို 
တွေ့ရမှာပါ။အပေါ်ဘက်မှာဖုံးထားတာလေးကိုခွာထုတ်လိုက်မယ် ဆိုရင် တော့sim-card 
တစ်ခုချင်းစီကိုသေချာထည့်သွင်းနိုင်မယ့်Tray နှစ်ခုနဲ့အတူ Micro-SD card 
ထည့်ရမယ့်နေရာလေးကို တွေ့ရမှာဖြစ်ပါတယ်။Sim-card ထည့်ဖို့အတွက်tray 
ထည့်ပေးတဲ့ပုံစံကိုDesire 626 မှာတည်းကစတင် သုံးစွဲ လာခဲ့တာဖြစ်ပါတယ်။ 
နောက်ကျောဘက်မှာတော့13MP ကင်မရာနဲ့ အတူflash 
တစ်ခုတပ်ဆင်ပေးထားပြီးအရှေ့ဘက်မျက်နှာပြင်မှာတော့ စပီကာနှစ်ခုကိုအထက်၊ 
အောက်တပ်ဆင်ပေးထားပြီးdolby audio ပေါင်းစပ် ထားတဲ့boomsound 
အသံစနစ်နဲ့နားဆင်နိုင်မှာဖြစ်ပါတယ်။ 
 
ဖုန်းရဲ့တည်ဆောက်ထားမှုပုံစံကိုကြည့်လိုက်မယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါး 
နဲ့အလွယ်တကူသယ်ဆောင်သွားနိုင်မယ့်ဒီဇိုင်းလေးပါ။မျက်နှာပြင်၅.၅ 
လက်မဟာကိုယ်ထည်တစ်ခုလုံးရဲ့၇၂%  လောက် ပေါ်လွင်နေစေမှာပါ။ 
ပုံရိပ်တစ်ခုချင်းစီအတွက်အသေးစိတ်ဖော်ပြနိုင်စွမ်းလို့သတ်မှတ်နိုင်တဲ့PPI 
ကတော့၄၀၁ ဖြစ်ပါတယ်။ထင်ရှားပြတ်သားတဲ့ပုံရိပ်တွေကိုဖော်ပြပေးနိုင်ပါ 
လိမ့်မယ်။ အရောင်ရွေးချယ်မှုအပိုင်းအတွက်တော့အဖြူနဲ့အနက်ကိုအခြား 
အရောင်စပ်တွေသုံးထားမှာပါ။မျက်နှာပြင်ဟာ720x1280p ဖော်ပြနိုင်စွမ်း 
ရှိမှာဖြစ်တာကြောင့်720p အရည်အသွေးရုပ်ရှင်တွေကိုကြည်လင် ပြတ်သားစွာ 
ကြည့်ရှုနိုင်ပါလိမ့်မယ်။Sim အမျိုးအစားကတော့HTC ဖုန်း 
တွေရဲ့အစဉ်အလာအတိုင်းdual stand-by သုံးနိုင်မယ့်Nano Sim ဖြစ်တာ 
ကြောင့်အသေးဆုံးအခြေအနေထိရောက်အောင်လှီးဖြတ်ရပါလိမ့်မယ်။ 
ဆက်သွယ်နိုင်မယ့်ကွန်ရက်ကတော့GSMတင်မဟုတ်ဘဲ၊ဆင်းကတ်နံပါတ် ၁ဟာCDMA, GSM, 
WCDMA တွေထည့်သုံးနိုင်မှာပါ။ အလေးချိန်ကလည်း ၅အောင်စသာ 
လေးမှာဖြစ်ပြီးပိုလီကာဗွန်နိတ်ဟာလက်ထဲမှာ အလိုက် သင့်ဖြစ်နေပါလိမ့်မယ်။
 <Camera>
 ကင်မရာရိုက်ကူးမှုအတွက်တော့13MP နောက်ကျောဘက်ကင်မရာဟာ ပုံရိပ်တွေကို 
မြန်ဆန်စွာဖမ်းယူနိုင်ပါလိမ့်မယ်။ပုံရိပ်အရည်အသွေးကတော့ 4160 x 3120 pixels
 နဲ့ရနိုင်မှာဖြစ်ပြီးဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့ 1080p@30fps 
နဲ့ရိုက်နိုင်ပါလိမ့်မယ်။13MP ကင်မရာနဲ့ရိုက်ကူးထားတဲ့ ပုံတွေကိုလည်း 
ပြန်လည်ပြင်ဆင်နိုင်ပါဦးမယ်။ပုံတွေမှာအရောင် တွေသွင်းမှု၊ 
ဘောင်တွေထပ်ထည့် တာတွေအပြင်စိတ်ကြိုက်ပုံစံလေးတွေနဲ့အလင်း 
အမှောင်ချိန်ညှိနိုင်မှာပါ။Motion track mode နဲ့ရိုက်ကူးမယ်ဆိုရင်တော့ 
ပုံတွေဟာပြင်ပအရောင်အတိုင်းစိုပြည်စွာရရှိနိုင်မှာဖြစ်တဲ့အပြင်မိမိချိန်ထားတဲ့object
 ရဲ့အရောင်ကိုပါလိုက်ညှိပေးပါလိမ့်မယ်။Live Photo ကတော့ 
ရိုက်လိုက်တဲ့ပုံတွေမှာအရုပ်နဲ့အသံပေါင်းစပ်ထည့်သွင်းပေးမှာဖြစ်ပါတယ်။ 
သာမန်ရိုက်ကူးမှုအတွက်ကတော့face beauty ကအသင့်တော်ဆုံးပါပဲ။ ကင်မရာsetting 
ထဲဝင်ကြည့်လိုက်မယ်ဆိုရင်တော့GPS On,Exposure, Color effect, scene 
mide,white balance လို့ဆိုတဲ့ဖုန်းရဲ့ကင်မရာကို 
သုံးပြီးဓာတ်ပုံရိုက်ကူးသူတွေကြိုက်နှစ်သက်တဲ့လုပ်ဆောင်ချက်တွေကိုတွေ့ရမှာပါ။အရှေ့ဘက်ကတော့ selfie
 သမားတွေအကြိုက်5MPမှာBSI sensor 
တပ်ဆင်ပေးထားပါတယ်။1080pဗီဒီယိုတွေပါဖမ်းယူနိုင်ပါလိမ့်မယ်။
 <Software & Hardware>
 HTC ရဲ့နောက်ဆုံးပေါ်စမတ်ဖုန်းဖြစ်ပြီးOcta-core ပရိုဆက်ဆာသုံးထားပြီး OS 
ကိုလည်uးpdate ဗားရှင်းလို့သတ်မှတ်နိုင်တဲ့Android OS v5.1.1 (Lollipop) 
ကိုမောင်းနှင်ပေးထားပါတယ်။HTC ကိုယ်ပိုင်ဖုန်းတွေမှာ 
ထည့်သွင်းပေးထားတဲ့sense ကိုအဆင့်မြင့်ထားတဲ့၇ကိုသုံးနိုင်ပါတယ်။  
နောက်ထပ်တစ်ခုကတော့ဖုန်းထဲမှာရှိနေတဲ့cache ဖိုင်၊history တွေကို 
ရှင်းလင်းနိုင်ပြီးဖုန်းရဲ့လုပ်ဆောင်ချက်ကိုပိုမိုမြန်ဆန်နိုင်စေဖို့အတွက်သုံးနိုင်မယ့်app
 ဖြစ်တဲ့Clean Master ကိုတစ်ပါတည်းထည့်သွင်းကာinstall လုပ်ပေး ထားပါတယ်။ 
နောက်ထပ်လုပ်ဆောင်ချက်ကတော့နည်းပညာနဲ့ပတ်သက်တဲ့ သတင်း၊ကမ္ဘာပေါ်မှာနောက်ဆုံး 
ဖြစ်ပျက်နေတဲ့သတင်းတွေကိုအချိန်နဲ့ တစ်ပြေးညီသိရှိနိုင်အောင် 
ဖော်ပြပေးနေတဲ့Blinkfeed ပဲဖြစ်ပါတယ်။ Reading list 
သတ်မှတ်ထားနိုင်သလို၊မိမိအမြဲဖတ်ချင်တဲ့သတင်းဌာနတွေက News တွေကိုhighlights
 ပြုလုပ်ထားနိုင်ပါသေးတယ်။ဒါဟာHTC သုံးစွဲသူ 
တွေအတွက်သီးသန့်ရတဲ့လုပ်ဆောင်ချက်ပါ။Hardware ပိုင်းထည့်သွင်း ထားမှု ကတော့ 
နောက်ဆုံးပေါ်high-end ဖုန်းတွေမှာသာမြင်တွေ့ရ လေ့ရှိတဲ့ Octa-core 
ပရိုဆက်ဆာကိုတပ်ဆင်ပေးထားပါတယ်။ဒါပေမယ့် မြန်ဆန်မှုအသားပေးနဲ့ 
ရှေ့တန်းရောက်နေတဲ့ Snapdragon တော့မဟုတ် ပါဘူး။ 
 
ပြည်တွင်းကိုဝင်ရောက်လာနေတဲ့အလယ်အလတ်ဆင့်ဖုန်းတွေမှာသုံးလေ့ရှိတဲ့Media tek
 MT6753 ဖြစ်ပါတယ်။အမြန်နှုန်းကတော့1.3GHz ရှိမှာဖြစ်ပါ တယ်။ 
အခြားသောပရိုဆက်ဆာထုတ်လုပ်သူတွေနဲ့မတူညီပေမယ့်Mediatek ကလည်း 
မြန်ဆန်သွက်လက်တဲ့ဂိမ်းစွမ်းအားနဲ့application တွေရဲ့ဖွင့်လှစ် 
သုံးစွဲတဲ့အခါမှာခပ်သွက်သွက်run နိုင်စွမ်းကိုရရှိစေပါလိမ့်မယ်။ ဂရပ်ဖစ် 
ရုပ်ထွက်ပိုင်းကိုတာဝန်ယူပေးမယ့်GPU ကိုတော့Mali-T720MP3 ကိုသုံးထား ပါတယ်။
 <Feature>
 Desire 728 dual မှာကိုယ်ထည်တစ်ခုတည်းတင်မဟုတ်ဘဲ ပြောင်းလဲမှု 
တချို့ပါဝင်လာပါတယ်။အဓိကပြောင်းလဲသွားမှုကတော့ဘာသာစကားတွေ 
ပြောင်းလဲနိုင်မယ့်Language & keyboard ပဲဖြစ်ပါတယ်။HTC One M9 မှာ 
ပြောင်းလဲလာခဲ့တဲ့ကီးဘုတ်ပုံစံမျိုးကိုDesire 728 
မှာသုံးနိုင်မှာဖြစ်ပါတယ်။ Sangam keyboard MY 
ကိုသုံးနိုင်မှာဖြစ်ပါတယ်။ဒီလိုကီးဘုတ်ပုံစံ အသစ်ကို HTC အနေနဲ့626G+ 
မှာတည်းကစတင်သုံးစွဲလာခဲ့တာပါ။ 
ဖုန်းအဟောင်းကနေဖုန်းအသစ်ကိုပြောင်းကိုင်တဲ့သူတွေအတွက်ကတော့ get content 
from another phone ဆိုတဲ့လုပ်ဆောင်မှုကိုသုံးစွဲကြည့် 
သင့်ပါတယ်။ဖုန်းထဲမှာရှိတဲ့ဖုန်းနံပါတ်၊မက်ဆေ့ခ်ျတွေသာမကဘဲphoto, video 
တွေကိုပါလွှဲပြောင်းနိုင်ပါလိမ့်မယ်။ဖုန်းအဟောင်းမှာတော့HTC transfer 
လိုappကိုထည့်သွင်းထားမှရပါလိမ့်မယ်။အချက်အလက် သိုလှောင် 
သိမ်းဆည်းချင်သူတွေအတွက်ကတော့8GBသာပါဝင်တာကြောင့်SD card 
ကိုသုံးစွဲပြီးတော့ထပ်မံတိုးမြှင့်ရပါလိမ့်မယ်။၁.1.5GB RAM နဲ့အတူstorage 
ကိုထပ်တိုးမယ်ဆိုရင်2TB အထိတိုးမြှင့်နိုင်ပါလိမ့်မယ်။ဘက်ထရီဟာLi-ion 
2800mAhကိုသုံးထားပြီးအင်တာနက်သုံးစွဲတာ၊သီချင်းနားထောင်တဲ့အခါ တွေမှာ 
အတော်လေးကြာရှည်ခံတာကိုတွေ့ရပါတယ်။
 <Verdict>
 
ဈေးနှုန်းအနေအထားအရဘယ်လောက်နဲ့ဈေးကွက်ထဲမှာ ရောင်းချမယ် 
ဆိုတာမသိရသေးပေမယ့်အလယ့်အလတ်ဆင့်လောက်သာ ပေးချေရပါမယ်။ 
ခပ်ကြာကြာသုံးမယ်ဆိုရင်တောင်ဖုန်းပူတာမျိုးကိုမဖြစ်စေပါဘူး။ဘက်ထရီသက်တမ်းကလည်းအတော်လေး တာရှည်ခံပါတယ်။Nano
 Sim လှီးထုတ်ပစ် ရမှာနဲ့ Snapdragon တွေခေတ်စားချိန်မှာMediatek 
ပရိုဆက်ဆာသုံးရမှာ လေးတစ်ခုပါပဲ။
ပိုင်စေသောဝ်
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal