12/31/2015

♪ Vivo မှဈေးနှုန်းသင့်တင့်မျှတတဲ့ - “Vivo Y28” ♫


စမတ်ဖုန်းရောင်းချသည့်ကုမ္ပဏီများဟာဈေးကွက်အတွင်းသူတို့၏ ဝေစု ပိုမိုရရှိစေဖို့အတွက် နည်းလမ်း အမျိုးမျိုးဖြင့် Marketing ဆင်းကြပါတယ်။ အချို့ကုမ္ပဏီတွေကရှေ့ပိုင်းမှာ ထွက်ရှိထားသည့် ဖုန်းများကိုဈေးနှုန်း လျှော့ပြီးရောင်းချခြင်းပြုလုပ်ကြပါတယ်။ အချို့ကုမ္ပဏီတွေကတော့ အားလပ်ရက်များ တွင် ဈေးဝယ် Centre များ၌ Promotion ပွဲများပြုလုပ်ကြ ပါတယ်။ vivo တံဆိပ်ကလည်း အရောင်းမြှင့်တင်ခြင်းများကို ပြုလုပ် ဆောင်ရွက်ပေးထားပါတယ်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကထွက်ရှိခဲ့သော vivo Y28 စမတ်ဖုန်းဟာ Micro Simထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ အရွယ်အစား ပမာဏကတော့ 137.4x68.6x9.8mm ဖြစ်ပါတယ်။ 156g အလေးချိန်ရှိတဲ့ဖုန်းပါ။ IPS LCD capacitive touchscreen ရဲ့ အကျယ် အ၀န်းပမာဏကတော့ 4.7 inchesဖြစ်ပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသောpixels ပမာဏမှာ540x960 ပါ။ တစ်လက်မ မှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 216ppi ဖြစ်ပါတယ်။

အဓိကကင်မရာဟာ8MP စွမ်းရည်ရှိပြီး၊ ရိုက်ကူးသည့်အခါတွင် ပုံရိပ်များ ကို3264x2448 pixels ပမာဏဖြင့် ဖော်ပြပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 5MPစွမ်းရည်ဖြစ်ပါတယ်။ 1080p စွမ်းရည်ဖြင့် ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့် ကို30frames နှုန်းရရှိပါမယ်။ RAMပမာဏကို1GB ထည့်သွင်း ပေးထား ပါတယ်။ အများဆုံးတိုးချဲ့နိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 128GB အထိဖြစ်ပါတယ်။ Active noise cancellation with dedicated mic စနစ်ကိုလည်းအသုံးပြုနိုင်ပါမယ်။ Chipset အမျိုးအစားကတော့ Mediatek ပါ။ Sensor စနစ်များစွာကိုလည်းသုံးစွဲနိုင်အောင်ထည့်သွင်းပေးထား ပါတယ်။

အားသွင်းအသုံးပြုနိုင်မယ့် ဘက်ထရီအမျိုးအစားကတော့ Li-Po 2100mAh ဖြစ်ပါတယ်။ 3G network တွင် အသင့်အနေအထား၌ ၄၃၀ နာရီ နီးပါးနှင့် စကားပြောဆိုချိန်အတွက် ၁၃ နာရီနီးပါးခံနိုင်စွမ်းရှိအောင် စွမ်းဆောင် ပေးနိုင်ပါတယ်။

<Specification>
Network - GSM/HSPA
Screen - 4.7 inches
Memory - 8 GB
Bluetooth - v4.0
CPU - Quad Core 1.3 GHz
OS - Android OS, v4.4.2
Contact - 01-381035
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com