12/31/2015

♪ “Samsung Galaxy A9 ကိုမိတ်ဆက်” ♫


Samsung က တရုတ်မှာ Galaxy A9 ကိုကြေညာလိုက်ပါတယ်။ Galaxy A9 ဟာအရည်အသွေးမြင့် စမတ်ဖုန်း ဒီဇိုင်းများကို ထုတ်လုပ်နေတဲ့ Galaxy A Series ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်းဖြစ်ပါတယ်။ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများထက် A Series များကအနည်းငယ်သာလွန် ကောင်းမွန်ပါ တယ်။

အနောက်ဘက်မှာဖန်မျက်နှာပြင်တပ်ဆင်ထားပြီး သတ္တုဖရိမ်များ ပါရှိပါတယ်။ ခြောက်လက်မအရွယ် Full HD AMOLED Display တပ်ဆင် ထားပါတယ်။ မျက်နှာပြင်ပတ် လည်ရှိဘေးဘောင်များဟာသေးငယ်ပြီး ၂.၇၄ မီလီမီတာသာအထူရှိပါတယ်။ Qualcomm Snapdragon 652 Chipset မောင်းနှင်မှာဖြစ်ပြီး 3GB RAM, 32GB Internal Storage တပ်ဆင် ထားပါတယ်။ microSD Card Slot လည်းပါရှိပါတယ်။ Galaxy A9 မှာ မျက်နှာပြင်ကြီးမားမှုကိုကာမိစေဖို့ ကြီးမားတဲ့ 4000mAh Battery တပ်ဆင် ထားပါတယ်။

လျင်မြန်စွာအား ဖြည့်ပေးနိုင်တဲ့ QuickCharge နည်းပညာ ပါရှိပါတယ်။ Home Button မှာ Fingerprint Sensor ထည့်သွင်းထားပြီး Samsung Pay ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Samsung Pay ဟာ Samsung ရဲ့ မိုဘိုင်းဖုန်းမှ ငွေပေးချေနိုင်တဲ့ ၀န်ဆောင် မှုဖြစ်ပါတယ်။ Google Android Pay, Apple Pay တို့နဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Galaxy A9 မှာ Wi-Fi a/b/g/nပါရှိပေမယ့် ac ကိုထောက်ပံ့ခြင်းတော့မရှိပါဘူး။ Bluetooth 4.1 , NFC, GPS ဆက်သွယ်မှုများပါရှိပါတယ်။

Android 5.1 Lollipop ထည့်သွင်းမောင်းနှင်ထားပါတယ်။ Samsung က Galaxy A9 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် နေ့ရက်ကိုကြေညာခြင်း မရှိသေးပါဘူး။ အနောက်ဘက်မှာ Optical Image Stabilization ပါတဲ့ 13MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera တို့ တပ်ဆင်ထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com