12/30/2015

♪ Gionee က အရွယ်ကြီး ဘက်ထရီပါသော Marathon M5 Plus ကို ကြေညာ ♫


Gionee က အရွယ်ကြီးမားသော ဘက်ထရီများတပ်ဆင်ထားသည့် Marathon Series များကို ထုတ်လုပ်ရောင်းချလျှက်ရှိပြီး ယခုအခါတွင် Marathon M5 Plus ကို မိတ်ဆက်လိုက်ပါသည်။ Marathon M5 Plus သည် စွမ်းဆောင်ရည်သင့် ဖုန်းများထက် အနည်းငယ်သာလွန်သော ဖုန်းဖြစ်ပါသည်။ Octa-Core MediaTek MT6753 Chipset , 3GB RAM, 64GB Storage တို့ထည့်သွင်းထားပြီး 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ 

ခြောက်လက်မ Full HD AMOLED Display တပ်ဆင်ထားပါသည်။ မျက်နှာပြင်ကြီးမားသည့်အတွက် အရွယ်ကြီး 5020mAh Battery ကိုထည့်သွင်းပေးထားပါသည်။ မူလ M5 ၏ 6020mAh Battery ထက် သေးငယ်သည်ကိုတွေ့ရပါသည်။ မူလ M5 တွင် ၅.၅ လက်မမျက်နှာပြင် တပ်ဆင်ထားသည်ကို နှိုင်းယှဉ်နိုင်ပါသည်။ အနောက်ဘက်တွင် Phase Detection Autofocus ပါသော 13MP Camera နှင့် အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပါသည်။ အရွယ်အစားအပြည့်အစုံမှာ 160.9 x 81.2 x 8.4mm ဖြစ်ပြီး အလေးချိန်မှာ မူလ M5 ထက် ၃ ဂရမ်လျော့နည်းပါသည်။ M5 Plus ၏ အလေးချိန်မှာ ၂၀၈ ဂရမ်ဖြစ်ပါသည်။

Home Button ၏ အောက်တွင် Fingerprint Sensor ကို ထည့်သွင်းထားပြီး USB Type C ကို အသုံးပြုထားသည့်အတွက် အားသွင်းခြင်း၊ ဒေတာများ ကူးပြောင်းခြင်းတို့ ပြုလုပ်လျှင် လျှင်မြန်ပါသည်။ Android 5.1 Lollipop ကို Gionee ၏ Amigo OS နှင့် ပေါင်းစပ်ထားပါသည်။ တရုတ်ယွမ် ၂၄၉၉ ( ဒေါ်လာ ၃၈၅) တန်ကြေးရှိပြီး စတင်ရောင်းချပေးနေပြီဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com