12/29/2015

♪ LG က G Pad II 8.3 ကို ကြေညာ ♫


LG က ၈ လက်မနှင့် ၁၀.၁ လက်မ မော်ဒယ်များကို ရောင်းချအပြီးမှာ G Pad II 8.3 LTE ကို မိတ်ဆက်လိုက်ပါသည်။ ၈.၃ လက်မ 1920x1200p Display တပ်ဆင်ထားပြီး Qualcomm Snapdragon 615 Chipset မောင်းနှင်မည်ဖြစ်သည်။

တက်ဘလက်တွင် 2GB RAM, 16GB Internal Storage , 4800mAh Battery တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 8Megapixel Camera နှင့် အရှေ့ဘက်တွင် 2Megapixel Camera တပ်ဆင်ထားပါသည်။ အရွယ်အစားအပြည့်အစုံမှာ 216.8×126.5×8.8mm ဖြစ်ပြီး အလေးချိန်မှာ ၃၆၆ ဂရမ်ဖြစ်ပါသည်။ G Pad II တွင် Android 5.1.1 Lollipop မောင်းနှင်မည်ဖြစ်သည်။

ဆက်သွယ်အပိုင်းတွင် 4G LTE, Wi-Fi 802.11 a/b/g/n, Bluetooth 4.1, GPS တို့ကို အသုံးပြုနိုင်မည်ဖြစ်ပြီး ရွှေညိုရောင်ကိုလည်း ရွေးချယ်နိုင်ပါသည်။ Microsoft Office Apps များကို ထည့်သွင်းပေးထားပြီး ဒစ်ဂျစ်တယ် ကညစ်တံ ခေါ် Stylus ပါရှိပါသည်။

G Pad II 8.3 LTE ကို တောင်ကိုရီးယားတွင် ပြည်တွင်း Carrier ဖြစ်သော LG U+ က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စတင်ရောင်းချပေးခဲ့ပါသည်။ ဈေးနှုန်းကိုမူ မသိရသေးပါ။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com