12/30/2015

♪ “MPT၏ ထပ်ဆောင်း ၀န်ဆောင်မှုများပေးရန် ကုမ္ပဏီ ၃ ခုအား ရွေးချယ်ထား” ♫

http://www.mpt.com.mm/en/wp-content/uploads/2015/01/image009.png

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ထပ်ဆောင်းဝန်ဆောင်မှုများကို ပေးရန်အတွက် ပြည်တွင်းကုမ္ပဏီ ၃ ခုအားရွေးချယ်ထားကြောင်းသိရသည်။ ကုမ္ပဏီများမှာ Golden TMH Telecom Company Limited၊ Contents Hub Co.,Ltd. နှင့် King Royal Technologies Company Limited တို့ဖြစ်ကြပြီး အဆိုပါ ထပ် ဆောင်းဝန်ဆောင်မှုများကို MPT ၏ ၀န်ဆောင်မှုကို အသုံးပြု သူများအတွက် နှစ်သက် ဖွယ်ရာ ခေါင်းစဉ်အမျိုးအစားပေါင်းများစွာ ၀န်ဆောင်ပေးသွားရန် စီစဉ်ထားပါသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ MPT ၏ GSM နှင့် WCDMA သုံးစွဲသူများအားလုံးသည် MPT နှင့်ပူးပေါင်း လုပ်ဆောင်သည့် တွဲဖက်ကုမ္ပဏီများမှ ၀န်ဆောင်မှုအသစ်များ ကို ရယူနိုင်တော့ မည်ဖြစ်သည်။အဆိုပါထပ်ဆောင်းဝန်ဆောင်မှု များကို ရယူလိုပါက မိမိနှစ်သက်ရာဝန်ဆောင်မှုကို ရည်ညွှန်းထားသော service code ကိုရိုက်နှိပ်ကာ သက်ဆိုင်ရာဝန်ဆောင်မှုပေးသော ကုမ္ပဏီသို့ short code စာတိုပေးပို့ ခြင်းဖြင့် ၀န် ဆောင်မှုကို ရယူနိုင်ပါသည်။ App တစ်ခု ချင်းစီကို စတင်သုံးစွဲရန်အတွက် ၀န်ဆောင်ခနှုန်းထားမှာလည်း မိုဘိုင်းဖုန်း သုံးစွဲသူများ ကြိုက်နှစ်သက်သော ဈေးနှုန်းသာကျသင့် မည်ဖြစ်ပါသည်။

“ခုခေတ်မှာလူတွေက မိုဘိုင်းဖုန်းတစ်ခုတည်းကို အမျိုးစုံအသုံးပြု နေကြပါတယ်၊ ဖုန်းခေါ်တယ်၊ စာပို့တယ်၊ အီးမေးလ်သုံးတယ်၊ ဓာတ်ပုံ ရိုက်တယ်၊ နှိုးစက်နာရီသုံးတယ်၊ မှတ်စုတွေရေးတယ်၊ အချိန်းအချက်တွေ ရက် တွေမှတ်ကြတယ်၊ ဂိမ်းတွေဆော့ကြတယ်၊ ဒါကြောင့်လည်း မြန်မာ့ ဆက်သွယ်ရေးအနေနဲ့သုံးစွဲသူတွေ ပိုပြီးသုံး လို့ရမယ့်ပျော်စရာကောင်းတဲ့ ရွေးချယ်မှုအသစ်တွေကို ထပ်ပေးချင်ပါတယ်။

ဥပမာ-အိပ်မက်ကျမ်းလို ဟာမျိုးတို့၊ အသုံးအရမ်းတည့်တဲ့ အရေးပေါ်ရှေးဦးသူနာပြုစုနည်းတွေနဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက် မျိုးတွေ လည်းပေးထားပါတယ်”ဟု MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com