12/28/2015

♪ အစိတ်အပိုင်းများ ဖြုတ်တပ်လဲလှယ်နိုင်သော Fairphone 2 ကို ရောင်းပြီ ♫


ဇွန်လတွင် မိတ်ဆက်ခဲ့သော Fairphone 2 ကို စတင်ရောင်းချပေးလိုက်ပါသည်။ Modular Design ဖြစိပြီး အစိတ်အပိုင်းများကို ဖြုတ်တပ်လဲလှယ်နိုင်ပါသည်။ အဆိုပါဖုန်းကို ဥရောပတွင် စတင်ရောင်းချပေးနေ ပြီဖြစ်သည်။

Google ကလည်း Project Ara ဖြင့် Modular Phones များကို ထုတ်လုပ်ရောင်းချရန် ကြိုးစားနေပါသည်။ Modular Phone များတွင် ဖုန်းရှိ အစိတ်အပိုင်းများကို လဲလှယ်နိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ဥပမာအားဖြင့် Chipset ဟောင်းနွမ်းသွားလျှင် ဖုန်းအသစ်တစ်လုံး ၀ယ်ရန်မလိုဘဲ Chipset ကိုသာ အဆင့်မြှင့်လဲလှယ်နိုင်ပါသည်။ ထို့အတူ အခြား အစိတ်အပိုင်းများကိုလည်း လဲလှယ်နိုင်ပါသည်။

Fairphone က သူ၏ ဘလော့တွင် အဆိုပါသတင်းကို ရေးသားထားပါသည်။ ယခုလအတွင်း အလုံး တစ်ထောင်ကို ရောင်းချရန် မျှော်လင့်ထားသည်ဟု ကုမ္ပဏီကပြောပါသည်။ အခြားသော ကြိုတင်မှာယူထားသူများကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလတွင် ပေးပို့ပေးမည်ဖြစ်သည်။ ဥရောပတွင် Fairphone 2 ကို ယူရို ၅၂၅ ( ဒေါ်လာ ၅၇၄) ဖြင့် ရောင်းချပေးနေပါသည်။

Fairphone 2 တွင် ငါးလက်မ Full HD Display တပ်ဆင်ထားပြီး Corning Gorilla Glass 3 ဖြင့် ကာကွယ်ထားပါသည်။ Snapdragon 801 Processor, 2GB RAM ထည့်သွင်းပေးထားပါသည်။ Dual SIM Phone ဖြစ်ပြီး microSD Card Slot ပါရှိပါသည်။ 4G LTE ဆက်သွယ်မှုကို ထောက်ပံ့ပါသည်။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com