12/24/2015

♪ ZTE က ခြောက်လက်မ Axon MAX ကို ကြေညာ ♫


ZTE က စွမ်းဆောင်ရည်မြင့် Axon Series စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေပြီး စွမ်းဆောင်ရည်မြင့် Hardware များနှင့် အရည်အသွေးမြင့် တည်ဆောက်မှုတို့ကို အသုံးပြုထားပါသည်။ Axon Elite, Axon Lux, Axon Pro တို့ကို ထုတ်လုပ်ပေးထားပြီး ၅.၅ လက်မအရွယ်များဖြစ်ပါသည်။ Axon Mini မှာ ၅.၂ လက်မအရွယ်ဖြစ်ပါသည်။

ယခုအခါ ZTE က ခြောက်လက်မမျက်နှာပြင်တပ်ဆင်ထားသော Axon MAX ကို ကြေညာလိုက်ပြီး မျက်နှာပြင်မှာ FHD AMOLED Display ဖြစ်ပါသည်။ ပါးလွှာပြီး လေယာဉ်များတည်ဆောက်ရာတွင် အသုံးပြုသော အလူမီနီယမ် တိုက်တေနီယမ်ကိုယ်ထည်ကို အသုံးပြုထားပါသည်။ Qualcomm ၏ စွမ်းဆောင်ရည်သင့် Octa-Core Snapdragon 617 Chipset , 3GB RAM, 32GB Storage , microSD Card Slot များပါရှိပါသည်။ Dual-SIM Phone ဖြစ်ပြီး SIM Slot တစ်ခုကို microSD Card နှင့် မျှဝေ အသုံးပြုရမည်ဖြစ်သည်။

အနောက်ဘက်တွင် Phase Detection Autofocus နည်းပညာပါသော 16MP Camera နှင့် အရှေ့ဘက်တွင် 13MP Camera ပါရှိပါသည်။ 4140mAh Battery ပါရှိပြီး လျှင်မြန်စွာအားသွင်းနိုင်သော Qualcomm Quick Charge 3.0 နည်းပညာပါရှိပါသည်။ ၃၀ မိနစ်အတွင်းတွင် ၆၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါသည်။ USB Type C Port နှင့် Fingerprint Scanner ပါရှိပါသည်။

Axon MAX ကို တရုတ်တွင် ယွမ် ၂၇၉၉ ( ဒေါ်လာ ၄၃၁) ဖြင့် ရောင်းချမည်ဖြစ်သည်။ လက်ရှိတွင် ရွှေရောင်တစ်မျိုးတည်းသာ ၀ယ်ယူနိုင်ပါသည်။ အခြားနိုင်ငံများတွင် ရောင်းချမည့် သတင်းကို မသိရသေးပါ။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com