12/22/2015

♪ “One Plus 2” ♫


ရှန်ကျန်းအခြေစိုက် startup ကုမ္ပဏီလေးဟာသူတို့ရဲ့ဒုတိယမျိုးဆက် ဆိုတဲ့ဖုန်းကိုအကောင်းဆုံးသော hardware၊ ဒီဇိုင်းပိုင်းနဲ့ဈေးကွက်ထဲကိုသက်သာတဲ့နှုန်းတစ်ခုနဲ့ ဖြန့်ချိပေးလိုက်ပါတယ်။ စမတ်ဖုန်းတစ်လုံး အတွက် မျက်နှာပြင် ဖော်ပြနိုင်စွမ်းဟာအရေးကြီးလှပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖော်ပြနိုင်စွမ်း ရရှိမှသာဂိမ်းတွေ ဆော့ကစားတာ၊ရုပ်ရှင်ကား တွေကြည့်တဲ့ အချိန်မှာစိတ်ချမ်းသာစေမှာပါ။ ဒါကြောင့် OnePlus2 မှာမျက်နှာပြင်ပုံရိပ်ဖော်ပြမှုကိုအကောင်းဆုံးစွမ်းဆောင်ပေးနိုင်မယ့် Full HD(1080x1920) ကိုပေးစွမ်းထားပါတယ်။

Display ကတော့ LTPS LCD ဖြစ်ပြီး ၅.၅လက်မမျက်နှာပြင်မှာပုံရိပ်တွေကိုအသေးစိတ်မြင်တွေ့နိုင်ဖို့ 401ppi နဲ့ ထောက်ပံ့ပေးထားပါတယ်။ Black screen အပြည့်သုံးစွဲထား တာမဟုတ်ပေ မယ့် ဘေးဘောင်လေးတွေရဲ့ အကျယ်အ၀န်းက 0.39in သာရှိတာကြောင့် ၅.၄ လက်မမြင်ကွင်း အရသာကိုခံစားနိုင်ပါလိမ့်မယ်။

အလင်းရောင်တိုက်ရိုက်ကျတဲ့ နေရောင်ထဲမှာဖုန်းကိုအသုံးပြုရင် တောင်မှ မြင်ကွင်းတွေကိုအနှောင့်အယှက် မဖြစ်ဘဲကြည့်နိုင်ပါလိမ့်မယ်။ တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေမှာထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါ ကတော့ ဖုန်းရဲ့ UIနဲ့ပတ်သက်လို့ သူမတူတဲ့ပုံစံနဲ့ ထုတ်လုပ်တာပါ။ အနီးစပ်ဆုံး ပြောရမယ်ဆို အခြားထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ OPPO ဆိုရင် သူ့ရဲ့ကိုယ်ပိုင် ဆန်းသစ်ထားတဲ့ Color OS မှာgesture mode တွေသုံးနိုင်အောင် ပြုလုပ်ပေး ထားပါတယ်။ အခုOnePlusကလည်းသူ့ဆီက ထုတ်တဲ့ ဖုန်းတွေမှာသုံးနေကျအတိုင်း Oxygen OS ကိုထည့်သွင်းထားပါတယ်။ Android 5.0 မှာအခြေခံတည်ဆောက်ထားတဲ့ UIရဲ့လုပ်ဆောင်နိုင်စွမ်းဟာ ပိုမိုအဆင့်မြင့်လာခဲ့ပါပြီ။

Gesture လုပ်ဆောင်ချက်တွေကို ထည့်သွင်းလာ ခဲ့ပြီးကင်မရာကိုဖွင့်ချင်တယ်ဆိုရင် “O”အမှတ် အသားလေးကို ဖန်သားပြင် ပေါ်မှာရေးလိုက်ရုံပါပဲ။ “V”အမှတ်အသားလေးပြုလုပ်လိုက်မယ်ဆိုရင်တော့ flashမီးကိုလင်းပေးမှာဖြစ်ပါတယ်။ ဖန်သားပြင်ပေါ်မှာလက်နဲ့ ၂ ချက် ခေါက်လိုက်မယ်ဆိုရင်တော့ မျက်နှာပြင်ကိုဖွင့်လှစ်ပေးပါလိမ့်မယ်။ ပြောရမယ် ဆိုရင်ဒီလုပ်ဆောင်ချက်တွေဟာနောက်ပိုင်းထွက် တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေမှာပါဝင်တဲ့လုပ်ဆောင်ချက်တွေပါပဲ။

အဓိက ကင်မရာ ဟာ13MP ဖြစ်ပြီး ဓာတ်ပုံတွေရိုက်ကူးမယ်ဆိုရင် 4128 × 3096p အရည်အသွေး ရရှိနိုင်မှာဖြစ်ပြီး ရိုက်ကူးလိုသူတွေအတွက်ကတော့ 5MP ကင်မရာကိုသုံးစွဲနိုင်ပါလိမ့်မယ်။ OnePlus မှာ Octa-core 64bitပရိုဆက်ဆာ ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ RAM ကတော့ 3GB ထောက်ပံ့ပေးထားပါတယ်။ Li-Po3300mAhဘက်ထရီစွမ်းအားကိုသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

<Specification>
Network - GSM / HSPA / LTE
Processor - QC 1.56 GHz & QC 1.82 GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v4.1
Storage - 16GB
OS - Android OS , v5.1
Contact - 09-400053534
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com