12/30/2015

♪ Google က Password အစား ဖုန်းကို အသုံးပြုနိုင်သော Login Method ကို ဖန်တီး ♫


Google က Login ၀င်ရောက်သည့်အခါတွင် Password များ ရိုက်ထည့်ရန် မလိုဘဲ ဖုန်းကို အသုံးပြုနိုင်သော စွမ်းဆောင်ချက်တစ်ခုကို စမ်းသပ်နေပါသည်။ အဆိုပါ စွမ်းဆောင်ချက်ကို စမ်းသပ်အသုံးပြုရန် ဖိတ်ကြားခြင်းခံရသော Reddit User တစ်ဦးက သတင်းပေးခြင်းဖြစ်ပါသည်။

ဖုန်းကို Password အစား အသုံးပြုရန် ပထမဆုံးအနေဖြင့် သင်၏ Google Account နှင့် သင့်ဖုန်းကို Sync လုပ်ထားရန် လိုပါသည်။ အခြား Device တစ်ခုမှနေ၍ သင့်အကောင့်ထဲသို့ Login ၀င်သည့်အခါတွင် Password များရိုက်ထည့်ရန်မလိုဘဲ Google က သင့်ဖုန်းထံ ပေးပို့သော ကုဒ်ကို အသုံးပြု၍ Login ၀င်ရမည်ဖြစ်သည်။

ဖုန်းကို Password အဖြစ် အသုံးပြုနိုင်မည်ဖြစ်သဖြင့် Google က ဖုန်းတွင် Lock Screen or Touch ID စသော လုံခြုံရေးနည်းလမ်းတစ်ခုခုကို အသုံးပြုရန် အကြံပေးထားပါသည်။ ဖုန်းပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း၊ ဘက်ထရီကုန်ခြင်းများဖြစ်ပေါ်လျှင် Password ကို ရိုက်ထည့်၍လည်း Login ၀င်နိုင်မည်ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com