12/17/2015

♪ HTC Desire 828 Dual SIM ကို လာမည့်ရက်သတ္တပတ်အတွင်း အိန္ဒိယတွင် ရောင်းမည် ♫


တရုတ်တွင် နိုဝင်ဘာလမှ မိတ်ဆက်ခဲ့သော HTC Desire 828 Dual SIM ကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အိန္ဒိယ ၌ စတင်ရောင်းချပေးတော့မည်ဖြစ်သည်။ Flipkart မှ ၀ယ်ယူနိုင်မည်ဖြစ်သည်။

မှတ်သားစရာကောင်းသည်မှာ အဆိုပါဖုန်းသည် Optical Image Stabilization (OIS) ပါသော ထိုင်ဝမ် အခြေစိုက် HTC ၏ ပထမဆုံး စမတ်ဖုန်းလည်း ဖြစ်ပါသည်။ အဆိုပါဖုန်းကို နိုဝင်ဘာလနှောင်းပိုင်းတွင် အိန္ဒိယ ၌ One A9 နှင့်အတူ ကြေညာခဲ့ခြင်းဖြစ်ပါသည်။

Desire 828 Dual SIM ကို အိန္ဒိယ ရူပီး ၁၉၉၉၀ ( ဒေါ်လာ ၃၀၀) ဖြင့် အိန္ဒိယတွင် ရောင်းချမည် ဖြစ် သည်။ အညိုနှင့် အဖြူရောင်များ ရွေးချယ်နိုင်ပါသည်။ HTC ၏ တောင်အာရှ ဥက္ကဌဖြစ်သူ Faisal Siddiqui က Desire 828 ကို မိတ်ဆက်ပွဲတွင် “ HTC Desire 828 Dual SIM တွင် ထိပ်တန်း ကင်မရာအရည်အသွေးနဲ့ အဆင့်မြင့်တဲ့ စွမ်းဆောင်ချက်များကို ထည့်သွင်းပေးထားပြီး ဈေးနှုန်း ကလည်း နှစ်ခြိုက်စရာပါ။

HTC UltraSelfie နဲ့ အဓိက ကင်မရာမှ Optical Image Stabilization တို့ပါတဲ့ ပထမဆုံး HTC Desire Phone ကို ပြသရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ “ ဟု ပြောပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com